ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ခန့်မှန်းနိုင်မယ့် အချက်အလက်ကို Facebook ဖြန့်ချိ

Facebook ဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း လူတွေ အိမ်မှာနေထိုင်မှု ရှိ၊ မရှိနဲ့ ရောဂါဘယ်လောက် အထိ ပြန့်ပွားနိုင်သလဲဆိုတာကို သိနိုင်ဖို့ အမည်မဖော်လိုတဲ့ တည်နေရာအချက်အလက်နဲ့ သုတေသီတွေဆီ ထောက်ပံ့ပေးနေပါတယ်။

Facebook ဟာ COVID-19 ရောဂါကို တိုက်ဖျက်ဖို့ လစဉ်သုံးစွဲသူ ၂.၅ ဘီလျံနီးပါးက အချက်အလက်တွေကို ရယူပြီး ပြန်လည်ပြသသွားပါမယ်။ Facebook က လူသားထိတွေကတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်တဲ့ တုပ်ကွေး တိုက်ဖျက်မယ့် ရောဂါကာကွယ်ရေး မြေပုံကို ဖန်တီးဖို့ အရင်ကာလက အချက်အလက်တွေ အသုံးပြုသွားပါမယ်။

Facebook က တည်နေရာ အချက်အလက် အသုံးပြုမှုက တချို့သုံးစွဲသူတွေအတွက် သက်သောင့်သက်သာ မဖြစ်ကြပါဘူး။ Facebook ဟာ တစ်ကိုယ်ရေ အချက်အလက်ကို အလွဲသုံးစား ပြုလုပ်တွေ ဖြစ်ပေါ်နေတဲ့ နေရာဖြစ်ပါတယ်။ တည်နေရာအချက်အလက်က တစ်ဦးချင်းသုံးစွဲသူရဲ့ ကိုယ်ရေးမှတ်တမ်းကို မဖော်ပြဘဲ မြို့တော်နဲ့ စီရင်စုအချက်အလက်ကိုပဲ ဖော်ပြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ Google က လူစုလူဝေး ရှောင်ကြဉ်သူတွေရဲ့ အချက်အလက်ကို သုတေသီတွေ မြင်နိုင်ဖို့ တည်နေရာအချက်အလက်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Facebook က COVID-19 ပျံ့နှံ့မှုကို ခြေရာခံဖို့ ရောဂါလက္ခဏာနဲ့ တည်နေရာကို အစီရင်ခံဖို့ လူတွေကို တောင်းဆိုတဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ ကြာမယ့် စစ်တမ်းကို ကာနက်ဂျီမယ်လွန်တက္ကသိုလ် ဒေလီသုတေသနစင်တာနဲ့ ပူးပေါင်းထားပါတယ်။ အမေရိကန်က Facebook သုံးစွဲသူတချို့ကတော့ News Feed အပေါ်ဘက်မှာ စစ်တမ်းလင့်ခ်ကို တွေ့ရမှာပါ။

စိုးထက်
Ref: CNET