ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ နည်းလမ်းများ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရစ်ပျံ့နှံ့မှုက မရပ်တန့်သေးပါဘူး။ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကလည်း မြင့်တက်နေပါတယ်။ လူတွေအကြား ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘယ်လို စစ်ဆေးမှုလုပ်လဲဆိုတာ ငြင်းခုံမှုတွေရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ စမ်းသပ်မှု (၃) ခုအထိ ရှိပါတယ်။ စမ်းသပ်မှု (၂) ခုကတော့ ပိုးရှိ၊ မရှိ စစ်ဆေးတာပါ။ နောက်ဆုံးတစ်ခုကတော့ အရင်တုန်းက ဗိုင်းရပ်စ်ကူးစက်ခံရဖူးလားဆိုတာ စစ်ဆေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု (၃) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Genetic စမ်းသပ်မှု

စမ်းသပ်မှုအများစုက ဗိုင်းရပ်စ်ရဲ့ genetic မျိုးရိုးဗီဇ အနည်းငယ်ယူပြီး စစ်ဆေးပါတယ်။ ကျန်းမာရေးပရော်ဖက်ရှင်နယ်တွေက နှာခေါင်းထဲ ဂွမ်းဖတ်ထည့်ပြီး နမူနာယူကာ ဓာတ်ခွဲခန်းကိုပို့ပါတယ်။ ဒီနည်းလမ်းက ရောဂါကူးစက်မှုကို စစ်ဆေးဖို့ အတိကျဆုံး လက်ခံထားပေမယ့် ပြီးပြည့်စုံဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး။ နှာခေါင်းထဲ ဂွမ်းဖတ်ထဲထည့်ပြီး နမူနာယူတာ ဘယ်လိုဗိုင်းရပ်စ်ကိုမဆို ခြေရာခံနိုင်ပါတယ်။ အခုစမ်းသပ်မှုက ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ နာရီပေါင်းများစွာ ကြာတာကြောင့် ၁၅ မိနစ်လောက် စမ်းသပ်မှု အကြိမ်ကြိမ်လုပ်ပေမယ့် တစ်ရက်တည်းနဲ့ ရလဒ်ကို မသိရပါဘူး။ အခြား မျိုးရိုးဗီဇ စမ်းသပ်မှုတွေမှာ သလိပ်ကိုလည်း အသုံးပြုကြပါတယ်။

Antigen စမ်းသပ်မှု

ဗိုင်းရပ်စ်ထက် ကိုရိုနာဗိုင်းရပ်စ် အပေါ်လွှာမှာတွေ့ရတဲ့ ပရိုတိန်းကိုရှာဖွေတဲ့ စမ်းသပ်မှု အမျိုးအစားသစ်တစ်ခု ဖြစ်ပါတယ်။ အခု antigen စမ်းသပ်မှုတွေက ဈေးကွက်ကို ရောက်ရှိလာပြီး စမ်းသပ်မှုကို တိုးချဲ့ပြီး ရလဒ်ဖော်ထုတ်မှုကို မြန်ဆန်လာဖို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားကြပါတယ်။

Antigen စမ်းသပ်မှုတွေက genetic စမ်းသပ်မှုလောက် မတိကျပေမယ့် ဈေးသက်သာသလို မြန်ဆန်ပြီး အထူး ဓာတ်ခွဲကိရိယာတွေ မလိုပါဘူး။ စမ်းသပ်မှုအတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦးက နှာခေါင်းထဲ ဂွမ်းဖတ်နမူနာ ထည့်သွင်းဖို့ လိုပါတယ်။

Abbott ဓာတ်ခွဲခန်းက စမ်းသပ်မှုသက်သေအရ အချိန် ၁၅ မိနစ်ပဲ ကြာမြင့်တာကြောင့် ကျောင်း၊ ရုံးနဲ့ အခြားတည်နေရာတွေမှာ စမ်းသပ်နိုင်ပါတယ်။

Antibody စမ်းသပ်မှု

Antibody စမ်းသပ်မှုက လူနာရဲ့ သွေးနမူနာထဲက ရောဂါကူးစက်မှုကို တိုက်ခိုက်မယ့် ပရိုတိန်းကို ရှာဖွေတာ ဖြစ်ပါတယ်။ လူတစ်ဦးဟာ COVID-19 ကူးစက်ဖူးတယ်ဆိုရင် Antibody တွေက လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက antibody တွေက အခြားကူးစက်မှုကို ကာကွယ်သလားဆိုတာ အဖြေရှာနေပြီး ကာကွယ်မှုရှိရင်လည်း ဘယ်လောက်တာရှည်ခံလဲ ဆိုတာ သိဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် antibody စမ်းသပ်မှုက လူဦးရေ ဘယ်လောက်အထိ ရောဂါကူးစက်နေသလဲဆိုတာ သိဖို့ ကြိုးစားတဲ့ သုတေသီတွေအတွက် အသုံးဝင်ပါတယ်။

-စိုးထက်
Ref: AP

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««