ကိုရိုနာဗိုင်းရပ်စ် ခြေရာခံစနစ်ကို iOS နဲ့ Android အတွက် Apple နဲ့ Google တည်ဆောက်

Apple နဲ့ Google ဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ခြေရာခံနိုင်မယ့် စနစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီစနစ်မှာ သုံးစွဲသူတွေက ကျန်းမာရေးအဖွဲ့အစည်းတွေက ထောက်ခံချက်ပေးထားတဲ့ app နဲ့ Bluetooth Low Energy (BLE) လှိုင်းထုတ်လွှင့်မှုကတစ်ဆင့် အချက်အလက်ကို ဝေမျှနိုင်ပါမယ်။

အခုစနစ်သစ်က စာရွက်စာတမ်းတွေများစွာနဲ့ စက္ကူလွတ်တွေကို ဖယ်ရှားပြီး သုံးစွဲသူကိုယ်တိုင်ပါဝင်တဲ့ ဆက်သွယ်ရေးခြေရာခံကွန်ရက်ကို တည်ဆောက်ဖို့ အကွာအဝေးတိုတဲ့ Bluetooth ဆက်သွယ်ရေးကို အသုံးပြုထားပါတယ်။ အနီးအနားက ဖုန်းတွေရဲ့ နီးစပ်မှုကို သိနိုင်ဖို့ ဖုန်းတွေမှာ တိုးချဲ့အသုံးပြုထားတဲ့ အချက်အလက်စနစ်ဖြစ်ပါတယ်။ အများပြည်သူကျန်းမာရေးအာဏာပိုင်က တရားဝင် app တွေက အချက်အလက်တွေကို အသုံးပြုပြီး COVID-19 ရောဂါလက္ခဏာရှိသူက app ကို download လုပ်ပြီး အစီရင်ခံနိုင်ပါတယ်။ အဲဒီ app ကို download လုပ်သူထားသူတွေက အနီးအနားမှာ ရောဂါကူးစက်ခံရသူရှိရင် သတိပေးသွားပါမယ်။

Apple နဲ့ Google ကလည်း မေလလယ်မှာ iOS နဲ့ Android API တွေကို မိတ်ဆက်ပေးဖို့ရှိပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ app တွေက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူက ဆက်သွယ်ရေးခြေရာခံစနစ်မှာ ပါဝင်ဖို့ app ကို download လုပ်ရမှာဖြစ်ပါတယ်။ API က ပြီးပြည့်စုံသွားတဲ့အခါမှာတော့ ကုမ္ပဏီတွေက operating system ထဲမှာ ခြေရာခံလုပ်ဆောင်မှုကို ထည့်သွင်းဖို့ လုပ်ဆောင်သွားပါမယ်။ iOS ဒါမှမဟုတ် Android ဖုန်းတွေမှာ လူတိုင်း ရွေးချယ်အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge