ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဖို့ မြေပုံတစ်ခုကို IBM ဖြန့်ချိ

IBM ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်မြေပုံကို Weather Channel မှာဖြန့်ချိသွားမယ်လို့ ကြေညာခဲ့ပါတယ်။ Weather.com နဲ့ Weather Channel မိုဘိုင်း app ပေါ်က သတင်းနဲ့ အချက်အလက် feed တွေမှာ မြေပုံကို မြင်ရမှာပါ။ Weather Channel ကိုလစဉ်အသုံးပြုသူ သန်း ၃၀၀ကျော်ရှိတယ်လို့ IBM ကထုတ်ပြန်ခဲ့ပါတယ်။

COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် အချက်အလက်မြေပုံမှာ WHO အပြင် နိုင်ငံတော်နဲ့ ဒေသတွင်း အစိုးရအချက်အလက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အချက်အလက် လေ့လာဆန်းစစ်ဖို့ သုတေသီတွေ၊ အချက်အလက်ဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ မီဒီယာတွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ IBM ရဲ့ Cognos Analytics suite လည်းပါဝင်ပြီး နိုင်ငံတော်အဆင့်အထိ ဒေသတွင်းအချက်အလက်ကို စိစစ်သွားပါမယ်။

အခုလအစောပိုင်းမှာ Microsoft က WHO, ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဥရောပစင်တာနဲ့ CDC ကအချက်အလက်တွေနဲ့ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပေါ်နေတဲ့ COVID-19 အရေအတွက်ကို လူတွေသိနိုင်ဖို့ အလားတူ မြေပုံတစ်ခု မိတ်ဆက်လိုက်ပါတယ်။ Google ကလည်း ဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဒေသတွင်းအချက်အလက်ကို ထောက်ပံ့ဖို့ သတင်းအချက်အလက် tool တွေကို ဖန်တီးနေပါတယ်။

-စိုးထက်
Ref: VenturBeat