ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့ ရေပေါ်ရုပ်ရှင်ရုံကို အစ္စရေးဖွင့်လှစ်

အစ္စရေးနိုင်ငံဟာ တယ်အဗစ်မြို့မှာ နိုင်ငံရဲ့ ပထမဆုံး ရေပေါ် ရုပ်ရှင်ရုံ စမ်းသပ်ပြသမှုကို ဩဂုတ် ၂၀ ရက်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ရုပ်ရှင်ရုံတွေ ပိတ်နေပေမယ့် တယ်အဗစ်မြူနီစပယ်ကတော့ ရေပေါ်ရုပ်ရှင်ရုံစိတ်ကူးကို စတင်လိုက်ပါတယ်။ ရေပေါ်ရုပ်ရှင်ရုံကြောင့် လူတွေက တစ်ဦးနဲ့ တစ်ဦး စိတ်ချရတဲ့ အကွာအဝေးကနေ ရုပ်ရှင်ကြည့်နိုင်ပါမယ်။

ရာကွန်ပါ့ခ်ကန်က ရေပေါ်ရုပ်ရှင်ရုံအတွက် ခြေနင်းဘုတ် အခု ၇၀ ထောက်ပံ့ထားပြီး လာကြည့်တဲ့လူတွေက ၂ မီတာ ခွာနေရပါမယ်လို့ တယ်အဗစ်မြူနီစပယ်က ပြောခဲ့ပါတယ်။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ညနေခင်းတိုင်း ရုပ်ရှင် ၂ ကား ပြသမယ်လို့ သိရပါတယ်။ စမ်းသပ်ပြသတဲ့ အချိန်မှာတော့ လူ၂၀၀ က မိသားစုရုပ်ရှင် “Paddington 2” ကို လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

-စိုးထက်
Ref: Reuters

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««