ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း Facebook အသုံးပြုမှုမြှင့်တက်

ကမ္ဘာတစ်ဝန်းက လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာ နေထိုင်ရစဉ် Facebook ကိုပိုမိုအသုံးပြုလာကြပါတယ်။ လူတွေက Facebook ပေါ်မှာ သတင်းတွေ ဝေမျှတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာအပြင် ကွာရန်တင်းလုပ်ထားချိန်အတွင်း ပျင်းရိမှုကို ဖြေဖျောက်ဖို့ ဖျော်ဖြေရေးတွေကို ပိုမိုရှာဖွေလာပါတယ်။

ဒါပေမဲ့ Facebook ဒါမှမဟုတ် Twitter နဲ့ Snap လိုမျိုး လူမှုရေးမီဒီယာ ကုမ္ပဏီတွေ ဝင်ငွေများစွာ ရတယ်လို့ မပြောနိုင်ပါဘူး။

ဗုဒ္ဓဟူးနေ့မှာ Facebook က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နောက်ပိုင်း ပထမဆုံးဝင်ငွေစာရင်းကို ဖြန့်ချိလိုက်ပါတယ်။ စာရင်းအရ Facebook app တွေဖြစ်တဲ့ Facebook, Instagram, Messenger ဒါမှမဟုတ် WhatsApp တစ်ခုခုကို အသုံးပြုသူ လူဦးရေ ၃ ဘီလျံနီးပါး ရှိပါတယ်။ နှစ်စဉ်တိုးတက်မှု ၁၁ ရာခိုင်နှုန်း အထိ ရှိလာါတယ်။ Facebook လူမှုကွန်ရက်ကို လစဉ်အသုံးပြုမှု ၂.၆ ဘီလျံရှိလာကာ နှစ်စဉ်တိုးတက်မှု ၁၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။

Facebook ဘဏ္ဍာရေးပိုင်းကတော့ အားရစရာမရှိပါဘူး။

Facebook ဝင်ငွေကတော့ နှစ်စဉ် ၁၈ ရာခိုင်နှုန်း တိုးတက်မှုရှိလာပြီး ကပ်ရောဂါအတွင်း အကြီးအကျယ်ထိခိုက်မှု မရှိပါဘူး။ Facebook ကုမ္ပဏီအမှုဆောင်တွေက စီးပွားရေးပျက်ကိန်းအတွက် ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။ မတ်လအတွင်း တစ်ကမ္ဘာလုံး lockdown ပြုလုပ်မှု အပြီးမှာ ကြော်ငြာကနေ ဝင်ငွေရရှိမှု ကျဆင်းလာတယ်လို့ ပြောထားပါတယ်။ ဧပြီမှာ ကြော်ငြာဝင်ငွေကျဆင်းမှု နှေးကွေးသွားပါတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြောင့် လာမယ့် သုံးလပတ်အတွင်း ဝင်ငွေဘယ်လောက်ရမလဲ ခန့်မှန်းမှုကို Facebook ကမပြုလုပ်ခဲ့ပါဘူး။ ဧပြီလအတွင်း ဝင်ငွေနည်းပါးသွားတဲ့ အကြောင်းကိုပဲ မာ့ခ်ဇူကာဘတ်က ပြောဆိုခဲ့ပါတယ်။

စိုးထက်
Ref: Recode