ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း ကွန်ပျူတာလုပ်ငန်းတိုးတက်လာဟု Microsoft ပြောကြား

Microsoft ဟာ၂၀၂၀ သုံးလပတ်ဘဏ္ဍာရေးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ Microsoft ဟာ ဝင်ငွေ ၃၅ ဘီလျံ ရရှိခဲ့ပြီး စုစုပေါင်း အသားတင်ဝင်ငွေ ဒေါ်လာ ၁၀.၈ ဘီလျံ ရရှိခဲ့ပါတယ်။ ဝင်ငွေက ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အသားတင်ဝင်ငွေကလည်း ၂၂ ရာခိုင်နှုန်းအထိ ရရှိလာပါတယ်။ COVID-19 ဟာ ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေအပေါ် အနည်းဆုံး အသားတင်ဝင်ငွေအပေါ်ပဲ သက်ရောက်မှုရှိတယ်လို့ Microsoft က ပြောထားပါတယ်။

ကပ်ရောဂါအတွင်း ကွန်ပျူတာဝယ်လိုအား တိုးမြင့်လာတာကြောင့် Windows ကနေ ငွေကြေးများစွာ ရရှိခဲ့ပါတယ်။ Microsoft ဟာ Surface နဲ့ ဈေးသက်သာတဲ့ ကွန်ပျူတာတွေအတွက် တရုတ်နိုင်ငံအတွင်း ပစ္စည်းထောက်ပံ့မှု ခက်ခဲတာနဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင် ကပ်ရောဂါအတွင်း အိမ်ကနေ အလုပ်လုပ်တာနဲ့ ကျောင်းသားတွေက စာသင်ကြားရတာကြောင့် Windows ကွန်ပျူတာလုပ်ငန်း ဝယ်လိုအားမြင့်တက်လာပါတယ်။ Microsoft ရဲ့ Office လုပ်ငန်းနဲ့ cloud ဝန်ဆောင်မှုတွေလည်း အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ကွန်ပျူတာလုပ်ငန်းမှာလည်း Microsoft Surface ဝင်ငွေက ဒီသုံးလပတ်အတွင်း ၁ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ အဆင့်မြင့်တင်ထားတဲ့ Surface Pro 7, Surface Laptop 3 နဲ့ Surface Pro X အသစ်တို့ကို Microsoft ကရောင်းချနေတာ ၆ လလောက်ရှိပါပြီ။

Microsoft ရဲ့အခြား သုံးလပတ်ဝင်ငွေစာရင်းလိုပဲ ကုမ္ပဏီက cloud နဲ့ Office ဌာနတွေကနေ အဓိက ဝင်ငွေလမ်းကြောင်းတွေ ဖြစ်ပါတယ်။ Office စီးပွားဖြစ်ထုတ်ကုန်တွေနဲ့ cloud ဝန်ဆောင်မှုဝင်ငွေတွေက ၁၃ ရာခိုင်နှုန်း ရှိလာပါတယ်။ Office တစ်ဦးချင်းထုတ်ကုန်နဲ့ cloud ဝန်ဆောင်မှုတွေက ၁၅ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ Office 365 ကို လစဉ်ကြေးပေးသွင်း အသုံးပြုသူကတော့ ၃၉.၆ သန်းရှိပါတယ်။

စိုးထက်
Ref: TheVerge

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .