ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးဖို့ မိုဘိုင်းကြော်ငြာ တည်နေရာအချက်အလက်ကို အမေရိကန်အသုံးပြု

အမေရိကန်အစိုးရအာဏာပိုင်တွေက မိုဘိုင်းကြော်ငြာလုပ်ငန်းက ဖုန်းတည်နေရာအချက်အလက်တွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအတွင်း အမေရိကန်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံနေပါတယ်။

ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ပြည်နယ်နဲ့ ဒေသတွင်းအစိုးရတွေက ပထဝီဝင်အရသက်ဆိုင်တဲ့ လူတွေရဲ့ ဖုန်းအချက်အလက်တွေ လက်ခံရရှိနေတယ်လို့ WSJ ကဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတစ်ဝန်းက မြို့တော် ၅၀၀ ကနေ ပထဝီဝင်အချက်အလက်နဲ့ အစိုးရ portal တစ်ခုဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ လူတွေအနေနဲ့ နေအိမ်မှာပဲနေထိုင်တဲ့ ညွှန်ကြားချက် လိုက်နာမှု ရှိ၊ မရှိ သေချာစေဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ လူတွေ နယူးယောက်စီးတီး ပန်းခြံမှာ စုစည်းနေတာကို သုတေသီတွေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေကို အသိပေးခဲ့ပါတယ်။

အခုလို အမည်လျှို့ဝှက်ထားတဲ့အချက်အလက် အသုံးပြုမှုက privacy ကိစ္စတွေကို စိုးရိမ်လာပြီး အချက်အလက်တွေကို အသုံးပြုမှုနည်းလမ်းနဲ့ အခြားကိစ္စအတွက် အသုံးပြုမှုကိုတားဆီးဖို့ ကန့်သတ်မှုတွေ ပြုလုပ်ဖို့ privacy အရေး ပြောသူတွေက တိုက်တွန်းခဲ့ပါတယ်။

စိုးထက်
Ref: TheVerge