ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေသွားမည့် Dr. Thuta Chatbot ကိုမိတ်ဆက်

မြန်မာနိုင်ငံမှာ Covid 19 ရောဂါ ကူးစက်ပြန့်ပွားနေမှုနဲ့ ပတ်သက်ပြီး Covid 19 အသိပညာပေးလုပ်ငန်းတွေမှာ နည်းပညာအသုံးပြု ပိုမို ထိရောက်အောင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ဖန်တီးရာကနေ Dr. Thuta Chatbot(https://www.facebook.com/Dr.ThutaChatbot/) ကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ chatot မှာ မိမိတွင် ရောဂါကူးစက်ခံရနိုင်ချေ ရှိ၊ မရှိ ဆန်းစစ်လိုသူများ၊ မိမိတိုင်နဲ့ မိမိမိသားစုအား မည်သို့ကာကွယ်ရမည်ကို လေ့လာလိုသူများ၊ ရောဂါအခြေအနေ နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိလိုသူများအပြင် ဆေးရုံနှင့် ခရီးသွားအချက်အလက်များကို သိရှိလိုသူများ အတွက် ရည်ရွယ်ကာ တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ chatbot နဲ့ chatbot အတွင်း ထည့်သွင်းထားတဲ့ အချက်အလက်တွေကို မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ဘာသာစလုံးနဲ့ အသုံးပြုနိုင်မယ်လို့ ဖြစ်ပါတယ်။

“COVID-19 က အစောဆုံးအဆင့်မှာ လူစုလူဝေးမှရှောင်ကြဉ်ခြင်း (social distancing) ကိုမလုပ်နိုင်ခဲ့ဘူးဆိုရင် ထိန်းလို့မရတဲ့အခြေအနေနဲ့ ပျံ့နှံ့သွားခဲ့တာမျိုး ဖြစ်တဲ့အထိ အန္တရာယ်ကြီးမှန်း သိရှိကြရပြီးဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ ရောဂါပိုးတွေ့ရှိမှု အတည်ပြုလူနာအရေအတွက်က နည်းနေသေးတာ တွေ့ရပါတယ်။ လက်ရှိမှာ ဆောင်ရွက်နေပေမယ့် ကျွန်တော်တို့ ဒီထက်ပိုတဲ့ အားကောင်းတဲ့နည်းတွေနဲ့ တစ်ဦးချင်းဆီက ကူညီနိုင်မယ်ဆိုရင် ရောဂါကူးစက်မှု အန္တရာယ်နှုန်းက မျဉ်းကွေးကနေ တဖြည်းဖြည်း မျဉ်းဖြောင့် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီလို ကူးစက်မှုအန္တရာယ်နှုန်း နည်းသွားရင် COVID-19 ရောဂါကို ကုသရမယ့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကိုလဲ သက်သာရာရောက်စေမယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ဖန်တီးရာကနေပြီး ပြည်သူတွေအတွက် လိုအပ်တဲ့ ရှေ့ဆက်သွားဖို့မှာ ကူညီနိုင်အောင်နဲ့ COVID-19 နဲ့ ပတ်သက်တဲ့ အရည်အသွေးမြင့် စိစစ်ထားတဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ဖို့ ဒီ Chatbot ကို ဖန်တီးခဲ့တာဖြစ်ပါတယ်” လို့ ဖန်တီးရာရဲ့ CEO ဖြစ်သူ Jes Kaliebe Petersen ကပြောပါတယ်။

ဖန်တီးရာအနေနဲ့ အဆိုပါ Chatbot ကို ပြည်သူများလက်ထဲသို့ အချိန်တိုအတွင်း မြန်ဆန်စွာပျံ့နှံ့စေပြီး အသုံးပြုနိုင်စေရန် Influencer အေဂျင်စီဖြစ်တဲ့ Piyawasa နဲ့ မြန်မာဘလော့ဂ်ဂါ အသိုင်းအဝိုင်းတို့နဲ့ လက်တွဲပူးပေါင်းကာ အနုပညာရှင်များ၊ blogger များပါဝင်တဲ့ ကမ်ပိန်းတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါ ကမ်ပိန်းများမှာ Dr. Thuta Chatbot ကို အသုံးပြုခြင်းဖြင့် ကပ်ရောဂါဖြစ်တဲ့ COVID-19 ရောဂါအကြောင်း ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်နဲ့ မှန်ကန်တိကျသော သတင်းအရင်းမြစ်များကို ရရှိစေရန်ရည်ရွယ်တယ်လို့ သိရပါတယ်။