
Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်က လာမယ့်အနာဂတ်အတွင်း ဂိတ်စ်ဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ကိစ္စတွေပဲ လုပ်ကိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဘီလ်နဲ့ မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်းမှာ ထောက်ပံ့ကြေး ဒေါ်လာဘီလျံ ၄၀ ရှိပြီး HIV ၊ ငှက်ဖျားနဲ့ ပိုလီယိုရောဂါ တိုက်ဖျက်ရေးတို့ကို ဆောင်ရွက်နေပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အလုပ်တွေ အာရုံစိုက် ပြောင်းလဲ လုပ်ကိုင်လျက်ရှိတယ်လို့ ဘီလ်ဂိတ်စ်က ပြောခဲ့ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်မှာပဲ ဖောင်ဒေးရှင်းရဲ့ အာရုံစူးစိုက်မှု အပြည့်အဝ ရှိနေပါတယ်” လို့ ဘီလ်ဂိတ်စ်က FT ကိုပြောထားပါတယ်။ “ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့မသက်ဆိုင်တဲ့ အဆင့်မြင့်ပညာရေးနဲ့ K-12 ကျောင်းတွေက အွန်လိုင်းပညာသင်ကြားရေးဆောင်ရွက်ပုံကို အပြည့်အဝပြောင်းလဲနိုင်ပါတယ်။ အဓိက ကိစ္စတွေဖြစ်တဲ့ ရောဂါကူးစက်မှု လျှော့ချရေး၊ ဆင်းရဲမွဲတေမှုပယ်ဖျက်ရေးနဲ့ အမေရိကန်အများပြည်သူဆိုင်ရာ ပညာရေးတိုးတက်မှု အပါအဝင် ကိစ္စတွေမှာလည်း ဆက်လက်လုပ်ကိုင်နေပါတယ်” လို့ ဂိတ်စ်ဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်ပါတယ်။
Halting funding for the World Health Organization during a world health crisis is as dangerous as it sounds. Their work is slowing the spread of COVID-19 and if that work is stopped no other organization can replace them. The world needs @WHO now more than ever.
— Bill Gates (@BillGates) April 15, 2020
ဂိတ်စ်ဖောင်ဒေးရှင်းက ဒေါ်လာသန်း ၂၅၀ အထိ ထောက်ပံ့ဖို့ ကတိပေးထားပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းက အာဖရိကနဲ့ တောင်အာရှကျန်းမာရေးစနစ်ကို အားဖြည့်ဖို့ ရောဂါရှာဖွေရေး၊ ကုသရေးနဲ့ ကာကွယ်ဆေးရှာဖွေရေး ထောက်ပံ့မှုအပြင် ဗိုင်းရပ်စ်ကြောင့် လူမှုရေးနဲ့ စီးပွားရေးထိခိုက်မှုကို အကူအညီပေးမှာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းက ကမ္ဘာတစ်ဝန်းက ကျန်းမာရေးအဖွဲ့အစည်းအပြင် WHO နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
“အခုအရေးပေါ်ကာလအတွင်း ဧရိယာများစွာအတွင်းက အရေးပါတဲ့ အလုပ်တွေ အာရုံထွေပြားကုန်ကြပါတယ်။ လူအနည်းငယ်ပဲ ရောဂါမကူးစက်ဘဲ ပုံမှန်ရှိသလို ရောဂါမကူးစက်ဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ တကယ်လို့ အဖျားရောဂါကုသမှုတွေကို ထိရောက်အောင် မလုပ်နိုင်ရင်တော့ မလွယ်ပါဘူး” လို့ ဂိတ်စ်က FT ကိုပြောခဲ့ပါတယ်။
စိုးထက်
Ref: TheVerge
Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…