ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို Siri မှာ Apple အဆင့်မြှင့်တင်

Apple ဟာ COVID-19 နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို Siri ကိုထည့်သွင်းလိုက်ပါတယ်။ Siri ရဲ့ကိုရိုနာဗိုင်းရပ်စ် အဖြေတွေကို CDC နဲ့အခြားသတင်းရင်းမြစ်တွေကနေ ရယူထားပါတယ်။

သုံးစွဲသူက Siri ကို “Do I have a coronavirus?” ရှိလားလို့ မေးမြန်းပြီး မေးခွန်းတွေ တစ်ဆင့်ချင်းစီ ဖြေကြားရမှာ ဖြစ်ပါတယ်။ Siri အနေနဲ့ သုံးစွဲသူတွေ COVID-19 ရောဂါလက္ခဏာခံစားနေရခြင်း ရှိ၊ မရှိမေးပြီး ရောဂါလက္ခဏာတွေက အသက်အန္တရာယ်စိုးရိမ်ရရင် ၉၁၁ ခေါ်ဆိုဖို့ အကြံပေးပါမယ်။ ဒါမှမဟုတ် မေးခွန်းမေးသူက အိမ်မှာပဲ နေထိုင်ပြီး အခြားလူတွေနဲ့ဆက်သွယ်တာ ရှောင်ကြဉ်ဖို့ Siri ကအကြံပေးမှာ ဖြစ်ပါတယ်။

Apple ဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို Siri မှာမေးမြန်းတဲ့အခါ App Store အတွင်းက telehealth app တွေကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ App Store ဟာ ကျန်းမာရေးနဲ့ လုံခြုံရေးသတိပေးချက် စိတ်ချရဖို့ COVID-19 app တွေကို ခွင့်ပြုပေးနေပါတယ်။

စိုးထက်
Ref: 9to5Mac