ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိအမြင်များစေမယ့် အကောင်းဆုံး app များ

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် လူအများစုက နေအိမ်က ဆိုဖာပေါ်မှာ ဖုန်းတွေ ပိုမိုအသုံးပြုလာကြပါတယ်။ Developer တွေကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တွေကို ဖန်တီးနေကြပါတယ်။ ဒါပေမဲ့ သတင်းမှားတွေကို တားဆီးနိုင်ဖို့ အစိုးရနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေလိုမျိုး အသိအမှတ်ပြုအဖွဲ့တွေက app တွေကိုပဲ လက်ခံမယ်လို့ Apple က ကြေညာထားပါတယ်။ App Store က ကိုရိုနာဗိုင်းရပ်စ်ဂိမ်းတွေကိုလည်း ဖယ်ရှားနေပါတယ်။ ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကို သိစေဖို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တချို့ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အခု app တွေက ယုံကြည်စိတ်ချရပါတယ်။

COVID-19 Tracker

အခု app က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အစက်အပြောက်တွေနဲ့ ဖော်ပြဖို့ WHO က တရားဝင်အစီရင်ခံစာနဲ့ သုံးစွဲသူအချက်အလက်တွေကို ပေါင်းစပ်ထားပါတယ်။ COVID-19 Tracker ကို လူနာသတင်းအချက်အလက်ကွန်ရက် HealthLynked ကဖြန့်ချိလိုက်ပါတယ်။ App ရဲ့အဓိက မြေပုံမှာ ရောဂါကူးစက်မှု အခြေအနေကို ဖော်ပြထားတဲ့ အရောင်စက်တွေ ပါဝင်လာပါတယ်။

CDC

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ သတင်းရင်းမြစ်ကို လိုချင်တယ်ဆိုရင် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာတွေ (CDC) app ကို download လုပ်နိုင်ပါတယ်။ CDC ရဲ့ဝက်ဘ်ဆိုက်ကို app ပုံသဏ္ဍာန် ပြုလုပ်ထားပြီး နောက်ဆုံးရ ကျန်းမာရေးသတင်းအချက်အလက်နဲ့ ဗိုင်းရပ်စ်ရှိလာရင် လုံခြုံမှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံပေးချက်တွေလည်း ပါဝင်လာပါတယ်။

Helponymous: Corona-Virus Chat

Helponymous လုပ်ဆောင်ချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကို ဆွေးနွေးတာနဲ့ အကြံဉာဏ်တောင်းခံတာတွေ ပြုလုပ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ အခု app မှာ Moki, Jinto ဒါမှမဟုတ် Zink လိုမျိုး avatar တွေကို ရွေးချယ်နိုင်ပါတယ်။

လူတွေက Helponymous မှာကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မှုကို ရင်ဖွင့်ကြပါတယ်။ အခု app ရဲ့ဇာတ်ကောင်အမည်အောက်မှာ ဗိုင်းရပ်စ်ကြောင့် စိုးရိမ်နေတဲ့ အကြောင်းကို လူမသိစေဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။

Plague Inc

၂၀၁၂ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ Plague Inc ဂိမ်းဖြစ်ပြီး COVID-19 ဖြစ်ပွားတဲ့အချိန်ကျမှ ကစားသူ ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့အချိန်မှာ ကစားသူ သန်း ၁၃၀ ကြောင့် ဝက်ဘ်ဆိုက်ကျသွားခဲ့ပါတယ်။ ဂိမ်းပုံစံက ကမ္ဘာတစ်ဝန်း ကိုယ်ဖန်တီးလိုက်တဲ့ ဗိုင်းရပ်စ်ကို အမြန်ဆုံးပျံ့နှံ့အောင် လုပ်ဆောင်ရမယ့် strategy ဂိမ်းဖြစ်ပါတယ်။

စိုးထက်
Ref: Slate