ကိုရိုနာဗိုင်းရပ်စ်ခြေရာခံ app ကို အိန္ဒိယအစိုးရဖြန့်ချိ

အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ခြေရာခံဖို့ မိုဘိုင်းတည်နေရာအခြေခံ Aarogya Setu (သက္ကတကနေ ဘာသာပြန်ရင် “ကျန်းမာရေးပေါင်းကူးတံတား”လို့ဆိုနိုင်) အအမည်ရ app ကိုဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

App ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ ဖုန်းတည်နေရာနဲ့ Bluetooth ကိုအသုံးပြုပြီး အတည်ပြုထားတဲ့ လူနာစာရင်းအရ COVID-19 ကူးစက်ခံရတဲ့ လူအနီးအနားမှာ ရှိ၊ မရှိကို သိနိုင်ပါတယ်။

အချက်အလက်တွေကို encrypt လုပ်ထားတယ်လို့ သိရပါတယ်။ သုံးစွဲသူရဲ့ အနီးအနားမှာ ရောဂါကူးစက်ခံရတဲ့ လူနာရှိ၊ မရှိကို စစ်ဆေးနိုင်ဖို့ အမည်မဖော်ပြထားတဲ့ပုံစံနဲ့ အချက်အလက်ကို ဆာဗာဆီပို့ပေးပါမယ်။ အဲဒီအတွက် app ဟာ Bluetooth ကိုအမှီပြုထားကာ ၆ ပေအတွင်း ရောဂါကူးစက်ခံထားရသူ ရှိ၊ မရှိ သိနိုင်ပါတယ်။

ဒါ့အပြင် သုံးစွဲသူမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတာ ဒါမှမဟုတ် ထိတွေ့ခဲ့တဲ့သူ ရောဂါရှိတဲ့အကြောင်းကို အစိုးရကို app နဲ့အသိပေးနိုင်ပါတယ်။ အခု app ရဲ့ privacy ပေါ်လစီအရ third-part တွေနဲ့ အချက်အလက်မဝေမျှထားဘူးလို့ ဖော်ပြထားပါတယ်။

အခု app ကို Android အတွက်ပဲ ဖြန့်ချိထားသေးပြီး ဘာသာစကား ၁၁ ခု ထောက်ပံ့ထားပါတယ်။

-စိုးထက်
Ref: TNW