ကိုရိုနာဗိုင်းရပ်စ်ခြေရာခံ contact tracing နည်းပညာကို Apple နဲ့ Google အပြောင်းအလဲလုပ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကမ္ဘာတစ်ဝန်း ကုမ္ပဏီပေါင်းများစွာနဲ့ အစိုးရတွေက ရင်ဆိုင်တိုက်ခိုက်နေကြပါတယ်။ Apple နဲ့ Google ကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနိုင်သူတွေကို လူတွေဆီ အကြောင်းကြားပေးမယ့် contact tracing နည်းပညာကို အပြောင်းအလဲလုပ်သွားပါမယ်။

Contact tracing နည်းပညာကို Apple နဲ့ Google လုပ်ကိုင်နေတာ လအနည်းငယ်ကြာမြင့်ပါပြီ။ အစောပိုင်းမှာ ၁၄ ရက်ကျော်အကြာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေ့ရှိသူတွေအကြောင်း အခြားလူတွေဆီ သတိပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ စီမံကိန်းကို စတင်ကြေညာတုန်းက Apple စီအီးအို တင်မ်ကွတ်ခ်နဲ့ Google အကြီးအကဲ ဆန်းဒါးပီချိုင်းတို့ နည်းပညာအတွင်း တစ်ကိုယ်ရေလုံခြုံရေးကို အလေးပေးသွားမယ်လို့ ပြောထားပါတယ်၊

Apple iPhone ဒါမှမဟုတ် Google ရဲ့ Android ဖုန်းတွေအချင်းချင်းဆက်သွယ်နိုင်အောင် ပြုလုပ်ပေးထားပါမယ်။ Contact tracing နည်းပညာက ဖုန်းပေါ်က Bluetooth လှိုင်းကိုအသုံးပြုပြီး အချက်‌‌ေပးမှာပါ။ တစ်စုံတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုခံလိုက်ရရင် ရှေ့၁၄ ရက် ဆက်သွယ်ခဲ့တဲ့သူတွေရဲ့ ဖုန်းအားလုံးဆီ လှိုင်းတွေကို ပေးပို့ပါမယ်။

Apple နဲ့ Google တို့ဟာ ကမ္ဘာတစ်ဝန်းကို ဒုက္ခပေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ်။

Google မိခင်ကုမ္ပဏီ Alphabet ရဲ့သက်ရှိသိပ္ပံဌာန Veril ကလည်း ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ကယ်လီဖိုးနီးယားပြည်နယ်က လူတွေသိနိုင်မယ့် ဝက်ဘ်ဆိုက်ကို ပြီးခဲ့တဲ့လက လွှင့်ထားပါတယ်။ ဝက်ဘ်ဆိုက်ကို အိမ်ဖြူတော်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ လူတွေက ရောဂါလက္ခဏာတွေကို ဖြည့်သွင်းပြီး အွန်လိုင်းစစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။

Cotact taracing နည်းပညာဟာ default အနေနဲ့ ဖွင့်ထားမှာ မဟုတ်တဲ့အတွက် တစ်ကိုယ်ရေအချက်အလက်ပေါက်ကြားမှာ မစိုးရိမ်ရဘူးလို့ Apple နဲ့ Google ကပြောခဲ့ပါတယ်။ ကုမ္ပဏီတွေက မေလလည်မှာ developer တွေဆီ programming tool တွေကို ဖြန့်ချိသွားပါမယ်။ ကျန်းမာရေးအာဏာပိုင်တွေက နည်းပညာသစ်ကို အသုံးချပြီး app တွေတည်ဆောက်လာနိုင်ပါမယ်။ ဒီနှစ်ကုန်အတွင်း ကမ္ဘာတစ်ဝန်း software အသုံးပြုထားတဲ့ ထုတ်ကုန် ၂ဘီလျံကျော်ရှိလာပြီး software update တွေပေးဖို့ Apple နဲ့ Google ကစီစဉ်ထားပါတယ်။

စိုးထက်
Ref: CNET