ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖုန်းနဲ့ တီဗီ ရောင်းအားကျဆင်းမယ်လို့ Samsung သတိပေး

လာမယ့်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖုန်းနဲ့ တီဗီရောင်းအားကျဆင်းကာ ဝင်ငွေထိခိုက်မယ်လို့ Samsung ကသတိပေးလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးက အီလက်ထရောနစ်ပစ္စည်းရောင်းအား ကျဆင်းနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နည်းပညာထုတ်ကုန် ဝယ်လိုအားကျဆင်းနေပြီး ပထမဆုံး သုံးလပတ်အမြတ်ငွေက ၅ နှစ် အတွင်း အနည်းဆုံးဖြစ်တယ်လို့ Samsung ကပြောခဲ့ပါတယ်။ Samsung ရဲ့ ဒုတိယသုံးလပတ်ဝင်ငွေက အခုသုံးလပတ်ထက် နည်းမယ်လို့ ခန့်မှန်းထားပြီး အခြားနည်းပညာကုမ္ပဏီတွေအပေါ်လည်း သက်ရောက်မှုရှိပါမယ်။

“ဒုတိယသုံးလပတ်ကို မျှော်ကြည့်လိုက်ရင် ကုမ္ပဏီအနေနဲ့ memory လုပ်ငန်းက ဆက်ခိုင်မာမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ဝင်ငွေစုစုပေါင်းက ပြီးခဲ့တဲ့ သုံးလပတ်ထက် ကျဆင်းနိုင်ပါတယ်။ COVI-19 က Samsung အဓိက ထုတ်ကုန်ဝယ်လိုအားကို သက်ရောက်မှုရှိတယ်” လို့ Samsung ကပြောခဲ့ပါတယ်။

ဖုန်းနဲ့ တီဗီရောင်းအားလည်း သိသိသာသာ ကျဆင်းနိုင်တယ်လို့ Samsung ကပြောခဲ့ပါတယ်။ COVID-19 ကြောင့် ဝယ်လိုအားထိခိုက်ပြီး ကမ္ဘာတစ်ဝန်းက စတိုးနဲ့ စက်ရုံတွေ ပိတ်ခဲ့ရပါတယ်။ ဈေးကွက်ရှုံးတာနဲ့ စတိုးပိတ်တာကြောင့် ဝင်ငွေကျဆင်းမှုနဲ့ မလွဲမသွေကြုံရမယ်လို့ Samsung ကပြောထားပါတယ်။

စိုးထက်
Ref: CNET/FT

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .