
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် လူစုလူဝေးရှောင်ကြဉ်ရတာနဲ့ အိမ်မှာပဲနေထိုင်ရသူတွေ ပျင်းရိငြီးငွေ့ကာ မွန်းကျပ်လာပါမယ်။ ဒါ့အပြင် ကူးစက်ရောဂါဖြစ်ပွားနေတာကြောင့် ခရီးသွားတဲ့ကဏ္ဍလည်း ရပ်တန့်နေပါတယ်။ စွန့်စားရတာကို နှစ်သက်သူတွေအတွက် စိတ်အပန်းပြေစေဖို့ Netfliix ခရီးသွားမှတ်တမ်း အစီအစဉ် (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။ အခုအစီအစဉ်တွေထဲမှာ အဆက်မပြတ်လှုပ်ရှားနေတဲ့ အစားအသောက်ပေါများရာ မြို့တော်တွေကနေ ကြောက်စရာ ခရီးသွားအစီအစဉ်တွေလည်း ပါဝင်လာပါတယ်။
Jack Whitehall: Travels with My Father
ဟာသပညာရှင် ဂျက်ဝှိုက်ဟောနဲ့ သူရဲ့ ဖခင်ဖြစ်သူ မိုက်ကယ်တို့ဟာ အရှေ့တောင်အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတစ်ဝိုက် သွားလာပြီး စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ဖွင့်ခဲ့ကြပါတယ်။ တကယ်လို့ အကြမ်းထည်ဆန်တဲ့ ဟာသအစီအစဉ်တွေကြိုက်သူတွေ သဘောကျမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဖေနဲ့ သားဖြစ်သူအကြားက သံယောဇဉ်နဲ့ သူတို့အကြား မျိုးဆက်ကွာဟမှုတို့လည်း ပါဝင်ပြီး season ၃ခုအထိ ကြည့်ရမှာပါ။
The Kindness Diaries
လီယွန်လိုဂိုသယ်တစ်ဟာ ကမ္ဘာတဝန်းကို မော်တော်ဆိုင်ကယ်နဲ့ လှည့်ပတ်ပါတယ်။ ခရီးသွားစဉ်မှာ ရှင်သန်နိုင်ဖို့ အစားအစာ၊ နေစရာနဲ့ ဆီဖိုးတွေကို ကြင်နာတတ်တဲ့ သူစိမ်းတွေက ထောက်ပံ့ကြပါတယ်။ အခုမှတ်တမ်းကားက ဥရောပနဲ့ အာဖရိကကို ငွေကြေးနည်းနည်းသွားလာနိုင်တာကို ပြတာဖြစ်ပြီး လူသားရဲ့ ကောင်းမြတ်တဲ့စိတ်ထား အပေါ် ယုံကြည်စေလာနိုင်ပါမယ်။
Ugly Delicious
အစားအသောက်ခုံမင်သူတွေ နှစ်သက်ကြမယ့် အစီအစဉ်မျိုးပါ။ မွန်ဘိုင်းလက်ရာစင်စစ် အစားအသောက်တွေနဲ့ နယူးအော်လင်ပြည်နယ်က Cajun ဟင်းခတ်အမွှေးအကြိုင်သုံး ဟင်းလျာတွေကို ဆုရ စားဖိုမှူး ဒေးဗစ်ချန်က ခရီးသွားလာရင်း ပြသပါမယ်။ ဒေးဗစ်ချန်းက ကျော်ကြားထင်ရှားသူတွေအတွက် ကမ္ဘာပေါ်က အကောင်းဆုံး ဒေသတွင်း ဟင်းလျာတွေကို ယဉ်ကျေးမှုအမျိုးမျိုးမှာ ရှာဖွေတင်ဆက်ပြမှာပါ။ ခရီးသွားလာမှုအမျိုးမျိုး season ၂ ခု အထိ ကြည့်နိုင်မှာပါ။
Salt Fat Acid Heat
အခုအစီအစဉ်ကိုလည်း အစားအသောက်ပိုင်း စိတ်ဝင်စားသူတွေ နှစ်သက်ကြမှာပါ။ အပိုင်း ၄ ပိုင်းပါတဲ့ မှတ်တမ်းစီးရီးမှာ ဆား၊ အဆီ၊ အက်ဆစ်နဲ့ အပူချိန်ဆိုတဲ့ အခြေခံအရာတွေတွေနဲ့ ဟင်းချက်နည်းတွေကို ပြသပေးပါမယ်။
Tales by Light
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့အတူ ကြည့်ရှုသူတွေက သဘာဝအလှ၊ တောတွင်းအလှအပနဲ့ လူမျိုးစုအသိုက်အဝန်း အဖြစ်အပျက်တွေကို မြင်တွေ့ရပါမယ်။
Dark Tourist
ခရီးသွားရင်း ရင်ခုန်စိတ်လှုပ်ရှားပြီး သည်းထိတ်ရင်ဖိုရတဲ့ အစီအစဉ်ကို ကြည့်ချင်ကြလား။ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဖာရီရာကတော့ လူတွေ သွားလေ့သွားထမရှိတဲ့ နေရာတွေ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီလို သွားလာရင်းနဲ့ ကြုံတွေ့ရတဲ့ သည်းထိတ်ရင်ဖို၊ ကြောက်စရာ ဖြစ်ရပ်တွေကို အပိုင်း ၈ ပိုင်းနဲ့ ကြည့်နိုင်ပါတယ်။ ဖာရီရာက ကမ္ဘာကြီးရဲ့ အတွင်းအကျဆုံး နေရာအထိ စူးစမ်းသွားရောက်ခဲ့ရာမှာ မက္ကဆီကိုက ပယောဂကုတာကနေ ဘီနင်က အာဖရိကဗူဒူအခမ်းအနား၊ ကာဇက်စတန်က နယူကလီးယားရေကန်နဲ့ ဆိုက်ပရပ်စ်က တားမြစ်မြို့တော်တို့ ပါဝင်လာပါတယ်။
စိုးထက်
Ref: SCMP