ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ထိခိုက်ပုံကို VR နဲ့ပြသ

ဒီလအစောပိုင်းမှာ ဂျော့ဝါရှင်တန်တက္ကသိုလ်ဆေးရုံက ဆရာဝန်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်းမကောင်းတဲ့ COVID-19 ပထမဆုံးလူနာကို တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင် အဲဒီဆရာဝန်တွေက လူနာရဲ့အဆုတ်ကို မြင်တွေ့နိုင်ဖို့ VR နည်းပညာကို အသုံးပြုနေပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ထိခိုက်မှုကို VR နဲ့ပြသထားတဲ့ YouTube ဗီဒီယိုကိုလည်း ဆေးရုံကတင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ အဆုတ်တစ်ရှူးတွေကို အပြာနဲ့ ပြသထားပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အဆုတ်တစ်ရှူးကိုတော့ အဝါနဲ့ ပြသထားပါတယ်။ COVID-19 ကနေ ပြန်လည်သက်သာလာတဲ့ လူတွေဟာ ကာလရှည် အဆုတ်ထိခိုက်မှု ဖြစ်နိုင်တယ်လို့ GW ဆေးရုံက ရင်ခေါင်းခွဲစိတ်ဆရာဝန်အကြီးအကဲ ကိမော့မန်းကပြောပါတယ်။

စိုးထက်
Ref: CNET