
Google ဟာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတာကြောင့် နှစ်စဉ်ကျင်းပနေကျ cloud ကွန်ဖရင့်ကို ဒီဂျစ်တယ်ကနေ ပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မနှစ်က Google cloud ကွန်ဖရင့်ကို တက်ရောက်သူ လူ ၃၀,၀၀၀ ရှိပါတယ်။
Google Cloud Next လို့အမည်ရတဲ့ ပွဲကို ဧပြီ ၆ရက်နဲ့ ၈ ရက်၂ရက်တိုင် ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပွဲကို virtual ကနေ ပြုလုပ်သွားမှာ ဖြစ်ပြီး keynote တွေနဲ့ breakout ကဏ္ဍတွေ၊ interactive learning နဲ့ Google အဖွဲ့တွေနဲ့အတူ ကျွမ်းကျင်ပညာရှင် အမေးအဖြေကဏ္ဍတွေ ပါဝင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ တရားဝင်အမည်က SARS-CoV-2 ဖြစ်ကာ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ COVID-19 အမည်ရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုဖြစ်ပေါ်ပြီး လူပေါင်း ၂,၈၀၀ကျော်သေဆုံးကာ လူပေါင်း ၈၄,၀၀၀ ကျော် ကူးစက်ခံနေရပါတယ်။
-စိုးထက်
Ref: CNET