ကိုရိုနာဗိုင်းရပ်စ်ကို အသုံးချတဲ့ မျက်နှာဖုံးကြော်ငြာတွေကို Facebook ဖယ်ရှား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဗိုင်းရပ်စ်ကာကွယ်တဲ့ မျက်နှာဖုံးအတွက် ကုန်သွယ်ရေးစာရင်းသွင်းမှုနဲ့ ကြော်ငြာတွေကို ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေကို အသုံးချတဲ့လူတွေကို တွေ့တဲ့အခါ ပေါ်လစီကို လိုအပ်သလို update လုပ်သွားမယ်လို့ Facebook ကထုတ်ပြန်ခဲ့ပါတယ်။ Facebook ဟာ လာမယ့်ရက်အနည်းငယ်အတွင်း ပေါ်လစီကို စတင်ကျင့်သုံးသွားမယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က eBay ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ မျက်နှာဖုံးရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ Amazon ကလည်း မျက်နှာဖုံးနဲ့ လက်ဆေးရည်လိုမျိုး ကုန်ပစ္စည်းတွေ ဈေးနှုန်းမြှင့်တင်တဲ့ ရောင်းချသူတွေကို ပိတ်ပင်နေပါတယ်။ Facebook အနေနဲ့ COVID-19 ကြောင့်ဖြစ်ပေါ်တဲ့ ဖျားနာမှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်နေပါတယ်။

စိုးထက်
Ref: CNET