ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ နည်းပညာကုမ္ပဏီကြီးတွေ ပူးပေါင်း

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု kit တွေသယ်ယူ ပို့ဆောင်ဖို့ Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်စ်က ငွေကြေးထောက်ပံ့ထားတဲ့ သုတေသီတွေနဲ့ Amazon ပူးပေါင်းလိုက်ပါတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ထားတဲ့ ဆီယက်တယ် ကိုရိုနာဗိုင်းရပ်စ်ရှာဖွေရေးကွန်ရက် (SCAN) က ရောဂါကူးစက်မှုကို လေ့လာနေပါတယ်။

ဝါရှင်တန်ပြည်နယ် ဆီယက်တယ်ရဲ့ ကင်းစ် စီရင်စုမှာ နေထိုင်သူတွေအကြား ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို ခြေရာခံဖို့ နှာခေါင်းက အနာတွေကို စုဆောင်းနေပါတယ်။

Amazon ရဲ့ဝန်ထမ်းဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ဌာနခွဲ Amazon Care ကလည်း kit ပို့ဆောင်ရေးကို အကူအညီပေးသွားပါမယ်။ကင်းစ်စီရင်စုဟာ အမေရိကန်မှာ ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံး‌ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဆေးပညာ၊ အများပြည်သူကျန်းမာရေးနဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ SCAN ကလည်း လူအဖွဲ့အစည်း အစိတ်အပိုင်းများစွာမှာ ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါကို ရှာဖွေပြီး ရောဂါဘယ်လို ကူးစက်သလဲဆိုတာ သုံးသပ်နေပါတယ်။Amazon Care ကလူတွေရဲ့ အိမ်တွေဆီ သွားရောက်ပြီး စမ်းသပ်မှု kit တွေကို ပေးခဲ့ကာ သုတေသီတွေ စစ်ဆေးနိုင်ဖို့ ပြန်လည် သိမ်းဆည်းပေးရပါမယ်။

တစ်ကယ်လို့ ဗိုင်းရပ်စ်ရှိတယ်လို့ အဖြေထွက်လာရင် အစီအစဉ်မှာ ပါဝင်သူကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။အမေရိကန်က ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာတွေရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၃၃,၄၅၃ဦးရှိနေပါတယ်။ သေဆုံးသူကတော့ ၄၀၀အထိရှိလာပါတယ်။

-စိုးထက်
Ref: BBC