ကိုယ်ပိုင် GPS ဗားရှင်းအတွက် Beidou ဂြိုဟ်တုကို တရုတ်လွှင့်တင်

တရုတ်ဟာ အင်္ဂါနေ့က Beidou လမ်းကြောင်းပြစနစ် နောက်ဆုံး ဂြိုဟ်တုကို အောင်မြင်စွာ လွှင့်တင်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ပိုင်ဆိုင်တဲ့ GPS ကို ဘေကျင်းက ယှဉ်ပြိုင်သွားပြီး အမေရိကန်နည်းပညာ အပေါ် အားထားမှုကို လျှော့ချသွားမှာပါ။

တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက် စီချွမ်စီရင်စုအတွင်းက ရှီချန်ဂြိုဟ်တုလွှင့်တင်ရေးစင်တာက ဂြိုဟ်တုကို ဒေသတွင်းအချိန် ၁၀ နာရီ မတိုင်ခင် လွှင့်တင်ခဲ့တယ်။ ဂြိုဟ်တုလွှင့်တင်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး မိနစ် ၂၀ အတွင်း အောင်မြင်စွာ လွှင့်တင်နိုင်ခဲ့တယ်။

တရုတ်ဟာ ကိုယ်ပိုင်ဂြိုဟ်လမ်းပြ ကွန်ရက်ကို လုပ်ကိုင်နေတာ ဆယ်စုနှစ် ၂ ခုရှိပါပြီ။ ဘေကျင်းက ၁၉၉၀ ခုနှစ် တွေလောက်မှာ မန်ဒရင်းလို ဒစ်ပါငှက်ကြီး လို့ အဓိပ္ပာယ်ရတဲ့ Beidou ကိုစတင်ဖန်တီးခဲ့ပါတယ်။ တရုတ်စစ်တပ်က အမေရိကန်လေတပ်သုံး GPS ကိုခြေရာဖျောက်နိုင်ဖို့ပါ။ အမေရိကန်ပိုင် GPS, ရုရှားရဲ့ Glonass, ဥရောပသမဂ္ဂရဲ့ Galileo နဲ့ အိန္ဒိယ NavlC အကြား နောက်ထပ်ရွေးချယ်နိုင်မယ့် လမ်းပြစနစ်ဖြစ်ပါတယ်။

Beidou တတိယမြောက်လွှင့်တင်မှု ကမ္ဘာလုံးဆိုင်ရာလမ်းပြစနစ်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။ Beidou ပထမနဲ့ ဒုတိယလွှင့်တင်မှုက တရုတ်နဲ့ အာရှပစိဖိတ်ကို လွှမ်းခြုံနိုင်ခဲ့ပါတယ်။ Huawei အပါအဝင် တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဖုန်းအများစုက Beidou ထောက်ပံ့မှု ပါဝင်ပါတယ်။

စိုးထက်
Ref: CNET