ကိုယ်ပိုင် app အနည်းငယ်ကိုပြသဖို့ App Store ရလဒ်တွေကို Apple အပြောင်းအလဲပြုလုပ်ခဲ့

iPhone နဲ့ iPad သုံးစွဲသူတွေက် App Store ရှာဖွေမှုအတွင်းရှိ ထိပ်ဆုံးနေရာတွေက Apple app တွေကို သတိထားမိကြပါတယ်။ Apple app တွေက App Store အတွင်းက ရှာဖွေမှုရလဒ်ထဲက သင့်တော်တဲ့ အခြား app တွေကို အစဉ်လိုက်ပြသပေးလေ့ရှိတယ်လို့ The New York Times ကဖော်ပြခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က ရှာဖွေမှုတွေက ကုမ္ပဏီရဲ့တိုးတက်မှုကိုဖော်ပြနေပြီး အခြား app တွေထက် Apple app ၁၄ ခုကို ဖော်ပြပေးတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ App Store ရှာဖွေမှုရလဒ်တွေဟာ ပြဿနာမရှိပေမယ့် ကိုယ်ပိုင် app ဖော်ပြမှုနည်းသွားအောင် ဇူလိုင်လအတွင်း algorithm ကိုပြောင်းလဲခဲ့တယ်လို့ New York Times ကိုပြောခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် app တွေရဲ့ Apple download တွေကို မောင်းနှင်ဖို့ ရည်ရွယ်ချက် ဒါမှမဟုတ် ဒီဇိုင်းထုတ်ထားတဲ့ App Store အတွင်းက ရှာဖွေမှုကို စီမံတာမျိုးတွေ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်တို့က သုံးစွဲသူ လိုချင်မှုအပေါ် ထင်မြင်တာအပေါ် အခြေခံပြီး ရလဒ်တွေ ပြသပေးသွားမှာပါ” လို့ App Store ကိုကြီးကြပ်တဲ့ Apple အကြီးတန်းဒုဥက္ကဋ္ဌ ဖိလစ်ရှယ်လာက ပြောခဲ့ပါတယ်။

Algorithm မပြောင်းလဲခင်က “card”, “cloud”, “money” နဲ့ “debit” လိုမျိုး စကားလုံးအတွက် ပထမဆုံး ရှာဖွေမှုရလဒ်တွေက Apple app တွေပဲဖြစ်ပါတယ်။

စိုးထက်
Ref: CNET