ကိုယ်ပိုင် မိုဘိုင်းချစ်ပ်တစ်မျိုးကို Oppo ဖန်တီးနေ

Samsung, Apple နဲ့ Huawei တို့လို Oppo ကလည်း ကိုယ်ပိုင်ဒီဇိုင်းထုတ်ထားတဲ့ SoC ကိုထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အနာဂတ် Oppo မော်ဒယ်ဖုန်းတွေမှာ ကိုယ်ပိုင်ချစ်ပ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလားတူသတင်းက အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ Oppo ကိုယ်ပိုင်ထုတ်လုပ်မယ့် ချစ်ပ်နဲ့ပတ်သက်ပြီး အထောက်အထားထွက်ပေါ်လာပါတယ်။

Oppo ရဲ့ချစ်ပ်ကို Oppo M1 လို့ခေါ်ဆိုမယ်လို့ အမှတ်တံဆိပ်မှတ်ပုံတင်တဲ့ရုံး EUIPO (ဥရောပသမဂ္ဂဉာဏဆိုင်ရာရုံး) မှတ်တမ်းအရ သိရပါတယ်။ Oppo အနေနဲ့ M1 ချစ်ကို ထုတ်လုပ်ဖို့ Speadtrum နဲ့ MediaTek က အင်ဂျင်နီယာတွေကို ငှားရမ်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Oppo အနေနဲ့ လာမယ့်နှစ် MWC ပြပွဲမှာ ချစ်ပ်ကို ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena