ကိုယ္ပိုင္ cryptocurrency ဖန္တီးဖို႔ စဥ္းစားေနတဲ့ Facebook

[Zawgyi]

Facebook ဟာ ကိုယ္ပိုင္ cryptocurrency ကို ဖန္တီးဖို႔ စဥ္းစားေနတယ္လို႔ Cheddar က ေဖာ္ျပခဲ့ပါတယ္။
အဲ့ဒီ cryptocurrency ဟာ ကုမၸဏီရဲ႕ လူမႈကြန္ရက္ကို သံုးစြဲသူအားလံုးအတြက္ platform ေပၚမွာေရာ အျပင္ေလာကမွာပါ အီလက္ထရြန္နစ္ ေငြေပးေခ်မႈေတြျပဳလုပ္ႏိုင္ေစမယ္လို႔ ဆိုပါတယ္။

ဒီပေရာဂ်က္နဲ႔ပတ္သက္တဲ့ တကယ့္ အေသးစိတ္အခ်က္အလက္ မထြက္ေသးေပမယ့္ cryptocurrency နဲ႔ပတ္သက္ၿပီး Facebook က အေလးအနက္ထား ေဆာင္ရြက္ေနတယ္လို႔ အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္တစ္ေယာက္က Cheddar ထံ ေျပာၾကားခဲ့ပါတယ္။

Facebook ကေတာ့ “အျခားကုမၸဏီအမ်ားအျပားလိုပဲ Facebook က blockchain နည္းပညာကို အက်ိဳးရိွရိွအသံုးခ်ႏိုင္မယ့္ နည္းလမ္းေတြ ရွာေဖြေနပါတယ္။ ဒီအဖြဲ႕ငယ္သစ္က မတူညီတဲ့ application ေတြကို စူးစမ္းရွာေဖြပါလိမ့္မယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီထက္ပိုၿပီးေတာ့ မေျပာႏိုင္ေသးပါဘူး” လို႔ ဆိုပါတယ္။

Facebook ရဲ႕ Messenger အဖြဲ႕အႀကီးအကဲက သူ႔အေနနဲ႔ platform တစ္ဝန္းမွာ blockchain နည္းပညာကို အက်ိဳးရိွရိွ ဘယ္လိုအသံုးခ်မလဲဆိုတာနဲ႔ ပတ္သက္ၿပီး စူးစမ္းရွာေဖြဖို႔အတြက္ အဖြဲ႕သစ္တစ္ခုကို ဦးေဆာင္သြားမယ္လို႔ မၾကာေသးခင္က ေၾကညာခဲ့ပါတယ္။ Blockchain ဟာ cryptocurrency ကို အေျခခံထားတဲ့ လယ္ဂ်ာစနစ္ျဖစ္ပါတယ္။ ဒါေပမဲ့ ေက်ာက္မ်က္ရတနာေတြရဲ႕ ဇစ္ျမစ္ကို ေျခရာခံတာကေန ကမၻာတစ္ဝန္း တင္ပိုေရာင္းခ်တဲ့စနစ္တစ္ခု စီစဥ္တာအထိ အသံုးျပဳပံုအမ်ိဳးမ်ိဳးရိွပါတယ္။

Facebook အေနနဲ႔ ကိုယ္ပိုင္ cryptocurrency ကိုဖန္တီးရာမွာ လက္ေတြ႕က်တဲ့ အေၾကာင္းကိစၥရိွပါတယ္။ ဒါဟာ ကုမၸဏီအေနနဲ႔ အေၾကြးဝယ္ကတ္ကုမၸဏီေတြကိုေပးရတဲ့ လုပ္ငန္းအဖိုးအခကို ေလွ်ာ့ခ်ေစႏိုင္သလို ကုမၸဏီကိုလည္း cryptocurrency ေစ်းကြက္မွာ အေရးပါတဲ့သူတစ္ေယာက္ ျဖစ္လာေစႏိုင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: Engadget

=============

[Unicode]

Facebook ဟာ ကိုယ်ပိုင် cryptocurrency ကို ဖန်တီးဖို့ စဉ်းစားနေတယ်လို့ Cheddar က ဖော်ပြခဲ့ပါတယ်။
အဲ့ဒီ cryptocurrency ဟာ ကုမ္ပဏီရဲ့ လူမှုကွန်ရက်ကို သုံးစွဲသူအားလုံးအတွက် platform ပေါ်မှာရော အပြင်လောကမှာပါ အီလက်ထရွန်နစ် ငွေပေးချေမှုတွေပြုလုပ်နိုင်စေမယ်လို့ ဆိုပါတယ်။

ဒီပရောဂျက်နဲ့ပတ်သက်တဲ့ တကယ့် အသေးစိတ်အချက်အလက် မထွက်သေးပေမယ့် cryptocurrency နဲ့ပတ်သက်ပြီး Facebook က အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ယောက်က Cheddar ထံ ပြောကြားခဲ့ပါတယ်။

Facebook ကတော့ “အခြားကုမ္ပဏီအများအပြားလိုပဲ Facebook က blockchain နည်းပညာကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။ ဒီအဖွဲ့ငယ်သစ်က မတူညီတဲ့ application တွေကို စူးစမ်းရှာဖွေပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီးတော့ မပြောနိုင်သေးပါဘူး” လို့ ဆိုပါတယ်။

Facebook ရဲ့ Messenger အဖွဲ့အကြီးအကဲက သူ့အနေနဲ့ platform တစ်ဝန်းမှာ blockchain နည်းပညာကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး စူးစမ်းရှာဖွေဖို့အတွက် အဖွဲ့သစ်တစ်ခုကို ဦးဆောင်သွားမယ်လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။ Blockchain ဟာ cryptocurrency ကို အခြေခံထားတဲ့ လယ်ဂျာစနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်မျက်ရတနာတွေရဲ့ ဇစ်မြစ်ကို ခြေရာခံတာကနေ ကမ္ဘာတစ်ဝန်း တင်ပိုရောင်းချတဲ့စနစ်တစ်ခု စီစဉ်တာအထိ အသုံးပြုပုံအမျိုးမျိုးရှိပါတယ်။

Facebook အနေနဲ့ ကိုယ်ပိုင် cryptocurrency ကိုဖန်တီးရာမှာ လက်တွေ့ကျတဲ့ အကြောင်းကိစ္စရှိပါတယ်။ ဒါဟာ ကုမ္ပဏီအနေနဲ့ အကြွေးဝယ်ကတ်ကုမ္ပဏီတွေကိုပေးရတဲ့ လုပ်ငန်းအဖိုးအခကို လျှော့ချစေနိုင်သလို ကုမ္ပဏီကိုလည်း cryptocurrency စျေးကွက်မှာ အရေးပါတဲ့သူတစ်ယောက် ဖြစ်လာစေနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Engadget