ကိုယ္ပိုင္ Animojis နဲ႔အတူ Xiaomi Mi 8 ဓာတ္ပံုမ်ား ထြက္ေပၚလာ

[ Zawgyi ]

ေမလ ၃၁ ရက္မွာ ပြဲထုတ္မိတ္ဆက္မယ့္ Xiaomi Mi 8 ရဲ႕ ဓာတ္ပံုေတြဟာ ကုမၸဏီရဲ႕ ကိုယ္ပိုင္ Animoji ေတြနဲ႔အတူ ထြက္ေပၚလာခဲ့ပါတယ္။

တ႐ုတ္ကုမၸဏီကေန ေပါက္ၾကားထြက္ေပၚလာခဲ့တဲ့ ဗီဒီယိုမွာ ေဖာ္ျပထားတဲ့ Animoji ဟာ စက္တင္ဘာလက iPhone X နဲ႔အတူ Apple မိတ္ဆက္ခဲ့တဲ့ feature နဲ႔ဆင္တူသလို Galaxy S9 စမတ္ဖုန္းမွာ Samsung က ေထာက္ပံ့ထားတဲ့ အရာနဲ႔လည္း ဆင္တူပါတယ္။

 

ဒါ့အျပင္ Xiaomi Mi 8 ရဲ႕ dual camera ဟာလည္း ပိုစတာအခ်ိဳ႕နဲ႔အတူ ထြက္ေပၚလာပါတယ္။ အဲ့ဒီကင္မရာဟာ လက္ရိွ အေကာင္းဆံုး Xiaomi စမတ္ဖုန္းတစ္ခုျဖစ္တဲ့ Mi Mix 2S ရဲ႕ dual camera ထက္ ပိုေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

Xiaomi ဟာ ထုတ္ကုန္မိတ္ဆက္ပြဲအတြက္ အသင့္ရိွေနသလို အေရာင္းျမႇင့္တင္ေရး လုပ္ငန္းစဥ္ေတြကိုလည္း ျပဳလုပ္ေနပါတယ္။ ထြက္ေပၚလာတဲ့ ပိုစတာတစ္ခုမွာ Mi 8 ရဲ႕ အေကာင္းဆံုး အသြင္အျပင္တစ္ခုကို ေဖာ္ျပထားပါတယ္။ အဲ့ဒီဓာတ္ပံုမွာ ဖုန္းရဲ႕ကိုယ္ထည္ကို လံုးဝန္းတဲ့ အနားေစာင္းေတြနဲ႔အတူ ေဖာ္ျပထားၿပီး ဖုန္းရဲ႕ထိပ္ဘက္မွာေတာ့ က်ယ္ဝန္းတဲ့ notch တစ္ခုကို ျပသထားပါတယ္။ Fingerprint scanner ကိုေတာ့ ဖုန္းရဲ႕ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။

အသစ္ထြက္ရိွမယ့္ Xiaomi flagship မွာ Snapdragon 845 နဲ႔အတူ Quick Charge 4.0+ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ဆံုးေပၚ MIUI 10 ကိုလည္း အသံုးျပဳထားတယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

======

[ Unicode ]

ကိုယ်ပိုင် Animojis နဲ့အတူ Xiaomi Mi 8 ဓာတ်ပုံများ ထွက်ပေါ်လာ

======

မေလ ၃၁ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ့် Xiaomi Mi 8 ရဲ့ ဓာတ်ပုံတွေဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Animoji တွေနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီကနေ ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုမှာ ဖော်ပြထားတဲ့ Animoji ဟာ စက်တင်ဘာလက iPhone X နဲ့အတူ Apple မိတ်ဆက်ခဲ့တဲ့ feature နဲ့ဆင်တူသလို Galaxy S9 စမတ်ဖုန်းမှာ Samsung က ထောက်ပံ့ထားတဲ့ အရာနဲ့လည်း ဆင်တူပါတယ်။

ဒါ့အပြင် Xiaomi Mi 8 ရဲ့ dual camera ဟာလည်း ပိုစတာအချို့နဲ့အတူ ထွက်ပေါ်လာပါတယ်။ အဲ့ဒီကင်မရာဟာ လက်ရှိ အကောင်းဆုံး Xiaomi စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi Mix 2S ရဲ့ dual camera ထက် ပိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

Xiaomi ဟာ ထုတ်ကုန်မိတ်ဆက်ပွဲအတွက် အသင့်ရှိနေသလို အရောင်းမြှင့်တင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ပြုလုပ်နေပါတယ်။ ထွက်ပေါ်လာတဲ့ ပိုစတာတစ်ခုမှာ Mi 8 ရဲ့ အကောင်းဆုံး အသွင်အပြင်တစ်ခုကို ဖော်ပြထားပါတယ်။ အဲ့ဒီဓာတ်ပုံမှာ ဖုန်းရဲ့ကိုယ်ထည်ကို လုံးဝန်းတဲ့ အနားစောင်းတွေနဲ့အတူ ဖော်ပြထားပြီး ဖုန်းရဲ့ထိပ်ဘက်မှာတော့ ကျယ်ဝန်းတဲ့ notch တစ်ခုကို ပြသထားပါတယ်။ Fingerprint scanner ကိုတော့ ဖုန်းရဲ့ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

အသစ်ထွက်ရှိမယ့် Xiaomi flagship မှာ Snapdragon 845 နဲ့အတူ Quick Charge 4.0+ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် MIUI 10 ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena