ကိုယ္ပိုင္ဖန္တီးမႈအား အြန္လိုင္းတြင္ ကာကြယ္ထားျခင္း ျမန္မာတြင္ နည္းပါးေနေသး

[ Zawgyi ]

ကိုယ္ပိုင္ဖန္တီးထားတဲ့ ထုတ္ကုန္တစ္ခုခုကို အြန္လိုင္းေပၚမွာ တင္တဲ့အခါ အျခားသူကူးယူတာမ်ိဳး မျဖစ္ေပၚေအာင္ ကာကြယ္ထားတာမ်ိဳး နည္းပါးေနေသးတယ္လို႔ ၾသဂုတ္ ၃၀ ရက္က က်င္းပတဲ့ Blockchain Workshop ကေန သိရပါတယ္။

အဲဒီအခမ္းအနားကို ဖန္တီးရာမွာျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ Online Content Distributors, Media Channel ေဆာင္ရြက္သူေတြအေနနဲ႔ မိမိထုတ္ကုန္ေတြကို ကာကြယ္ထားသင့္ေၾကာင္း သိရပါတယ္။ “လက္ရွိ အြန္လိုင္းေပၚမွာ လုပ္ခ်င္တာလုပ္ႏိုင္တဲ့ အေနအထားျဖစ္လာပါၿပီ၊ ဒါေပမဲ့ သင့္ကိုယ္ပိုင္ဖန္တီးမႈကို ကာကြယ္သင့္၊ အခမဲ့မရသင့္တဲ့အရာေတြ ရွိပါတယ္” လို႔ Right Ledger ရဲ႕ Founder & CEO ျဖစ္သူ Ray Young ကေျပာပါတယ္။

ျမန္မာမွာ ဆိုရွယ္မီဒီယာေတြသံုးေန၊ အသံုးမ်ားေနေၾကာင္း၊ ျမန္မာအဖြဲ႕အစည္းေတြ ျမန္မာရဲ႕အျပင္ဖက္မွာ အမ်ားႀကီးရွိေပမယ့္ ကိုယ္ပိုင္ Media Channel ကို တရားဝ ကာကြယ္ထားသင့္ေၾကာင္း ဆိုပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကိုယ်ပိုင်ဖန်တီးထားတဲ့ ထုတ်ကုန်တစ်ခုခုကို အွန်လိုင်းပေါ်မှာ တင်တဲ့အခါ အခြားသူကူးယူတာမျိုး မဖြစ်ပေါ်အောင် ကာကွယ်ထားတာမျိုး နည်းပါးနေသေးတယ်လို့ သြဂုတ် ၃၀ ရက်က ကျင်းပတဲ့ Blockchain Workshop ကနေ သိရပါတယ်။

အဲဒီအခမ်းအနားကို ဖန်တီးရာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Online Content Distributors, Media Channel ဆောင်ရွက်သူတွေအနေနဲ့ မိမိထုတ်ကုန်တွေကို ကာကွယ်ထားသင့်ကြောင်း သိရပါတယ်။ “လက်ရှိ အွန်လိုင်းပေါ်မှာ လုပ်ချင်တာလုပ်နိုင်တဲ့ အနေအထားဖြစ်လာပါပြီ၊ ဒါပေမဲ့ သင့်ကိုယ်ပိုင်ဖန်တီးမှုကို ကာကွယ်သင့်၊ အခမဲ့မရသင့်တဲ့အရာတွေ ရှိပါတယ်” လို့ Right Ledger ရဲ့ Founder & CEO ဖြစ်သူ Ray Young ကပြောပါတယ်။

မြန်မာမှာ ဆိုရှယ်မီဒီယာတွေသုံးနေ၊ အသုံးများနေကြောင်း၊ မြန်မာအဖွဲ့အစည်းတွေ မြန်မာရဲ့အပြင်ဖက်မှာ အများကြီးရှိပေမယ့် ကိုယ်ပိုင် Media Channel ကို တရားဝ ကာကွယ်ထားသင့်ကြောင်း ဆိုပါတယ်။