ကိုယ်တိုင်ထုဆစ် အနာဂတ်အသစ် ခေါင်းစဉ်ဖြင့် ဟောပြောမည်

ကိုယ်တိုင်ထုဆစ် အနာဂတ်အသစ်ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောပွဲတစ်ရပ်ကျင်းပမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီမှာ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ဆွေးနွေးဟောပြောမှာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက် work.com.mm ကဆောင်ရွက်လိုက်တာ ဖြစ်ပြီး လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်မယ့် လူငယ်တွေအတွက်လို့ဆိုပါတယ်။ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အကြောင်းကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဆွေးနွေး ဟောပြောမယ့်သူတွေကတော့ ဦးအေးကျော် (Founder and Principal-MLMI), ဦးအောင်ကျော်ဆန်း (Managing Director cum Chief Consultant at Crown Education), Rose Htoon (Consultant- Executive Coach for Human Capital and Business Development, HCDC) , Jonathan Chih (General Manager- Business Development at Phee Froup of Companies) တို့ဖြစ်တယ်လို့ သိရပါတယ်။