ကိုယ့်ရဲ့ Instagram အကောင့်ကို သီးသန့်အနေနဲ့ private ဘယ်လိုလုပ်မလဲ

Instagram ရဲ့ အကောင့်စနစ်က အကောင့်ပိုင်ရှင်တစ်ဦးတင်သမျှ ဓာတ်ပုံ၊ ဗီဒီယိုမှန်သမျှကို တစ်ကမ္ဘာလုံး Instagram သုံးသူတွေကို ကြည့်ရှုနိုင်ပါတယ်။ သင့်အနေနဲ့ သင့်အကောင့်က မျှဝေသမျှအားလုံးကို သီးသန့် သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့သာ မျှဝေချင်ရင်တော့ အကောင့်ကို private ပြောင်းပြီး သုံးသင့်ပါတယ်။ ဒါဆိုရင်တော့ သင်မျှဝေသမျှတွေကို သင့်အနေနဲ့ လုံခြုံစိတ်ချစွာ မျှဝေနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ public အကောင့်ကို private လုပ်တာကို Android ဖုန်း၊ iOS ဖုန်းတွေသာမကဘဲ web browser ကနေလည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ခုဖော်ပြမယ့် နည်းလမ်းအတိုင်း ဖုန်းကဖြစ်စေ၊ web browser ကနေဖြစ်စေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံးကိုယ့်ရဲ့ Instagram app ကို ဖွင့်ပြီး သင့်အကောင့်ထဲက လူပုံစံ icon လေးကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Profile စနစ်ထဲကိုရောက်သွားပါမယ်။ မျဉ်းကြောင်းသုံးခုပုံစံ menu icon ကို ရှာပြီး ထပ်နှိပ်ပါ။

ဘောက်တစ်ခုပေါ်လာမှာ ဖြစ်ပြီး Settings ဆိုတဲ့ စာသားကို ရွေးပြီး နှိပ်လိုက်ပါ။

Settings ကိုနှိပ်ပြီးရင်တော့ နောက်ထပ်ပေါ်လာတဲ့ စာသားတွေထဲက Privacy ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

Privacy စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲက Account privacy ဆိုတဲ့ စာသားကို ရှာပြီး နှိပ်လိုက်ပါ။

Account privacy စနစ်ထဲကိုရောက်ရင်တော့ Private account စာသားဘေးနားက ခလုတ်လေးပွင့်နေတာကို တစ်ချက်နှိပ်လိုက်ပါ။

ပထမဆုံးအနေနဲ့ အကောင့် privacy ကို ပြောင်းလဲတာဖြစ်တဲ့အတွက် Instagram က သင့်အကောင့်မှာရှိတဲ့ followers တွေကို review လုပ်ခွင့်ပေးပါတယ်။ review ကတော့ သင့်အနေနဲ့ သင်မသိတဲ့သူတွေကို အကောင့်ထဲ တင်သမျှကို ကြည့်ရှုခွင့်ပြုမယ် မပြုဘူးဆိုတာကို သတ်မှတ်ထားနိုင်ဖို့ ဖြစ်ပါတယ်။ Not Now ကို ရွေးချယ်လိုက်ရင်တော့ နောက်ပိုင်း သင့်အကောင့်ကို follow လုပ်မထားသူတွေက သင်တင်သမျှပို့စ်တွေကို ကြည့်လို့ရမှာ မဟုတ်ဘဲ follow လုပ်ထားသူတွေကသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ အကောင့်ကို Private အစား Public ပြန်ထားချင်ရင် Account privacy စနစ်ထဲက Private account ဆိုတဲ့စာသားဘေးက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး Change ဆိုတဲ့စာသားကို ရွေးချယ်လိုက်ရုံပါပဲ။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««