ကိုဗစ်ကြောင့် စာမေးပွဲစောင့်စရာမလိုတဲ့ ၁၂ တန်းပညာရေး အွန်လိုင်းပညာရေးဆွေးနွေးပွဲ ကျင်းပမည်

ကိုဗစ်ကြောင့် စာမေးပွဲစောင့်စရာမလိုတဲ့ ၁၂ တန်းပညာရေး အွန်လိုင်းပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်၊ ညနေ ၆ နာရီမှ ၈ နာရီအထိ Zoom နဲ့ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှာ ကာလတစ်ခုကြာအောင် ပိတ်ထားရတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကရော ပုံမှန်အတိုင်း ဘယ်အချိန်လောက် ပြန်ဖွင့်လာနိုင်မလဲ၊ မြန်မာနိုင်ငံထဲမှာ Sec 3, Sec 4, iGCSE, GCE ‘A’levelနဲ့ မြန်မာဆယ်တန်းစာမေးပွဲတွေကို ဖြေခွင့်ရဖို့ မလွယ်ကူသေးတဲ့အချိန် ဘာတွေကို အစားထိုးသင်ယူသင့်လဲ၊ နိုင်ငံတကာတက္ကသိုလ်နဲ့ ကျောင်းတွေကို ဘယ်လိုလျှောက်ထားလို့ရမလဲ၊ နိုင်ငံခြားမှာ On Campus တက်ခွင့်ရပြီ ဆိုတာနဲ့ သွားတက်နိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ၊ ကုန်ကျ စရိတ်တွေကရော ဘယ်လောက်ရှိမလဲ၊ Pandemic ကာလအတွင်း ကျောင်းစာနဲ့ မဝေးအောင် နိုင်ငံတကာ ၁၂ တန်းဆိုတာမျိုးရော တက်ထားသင့်လား ဘယ်လို အားသာချက်တွေရှိနိုင်လဲ အစရှိတာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ (၁၀) တန်းအောင်မြင်ပြီးစသူတွေ၊ မြန်မာ (၉) တန်းပညာရေးပြီးထားတဲ့သူတွေ၊ တက္ကသိုလ် ပထမနှစ်တက်ရောက်နေဆဲသူတွေ၊ GCE ‘O’ level, Secondary 3/4 ကျောင်းသား ကျောင်းသူတွေ တက်ရောက်နိုင်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့  http://bit.ly/crownedugrade12 မှာစာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««