ကိတ်ဝင်းစလက်ပါဝင်တဲ့ Avatar 2 ဓာတ်ပုံထွက်လာ

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar နောက်ဆက်တွဲ ဇာတ်ကားကတော့ ၂၀၂၂ မှပဲ ရုံတင်ပါမယ်။ ဒါပေမဲ့ ဇာတ်ကားအတွက် သရုပ်ဆောင်နဲ့ အဖွဲ့သားတွေရဲ့ နောက်ကွယ်ကရိုက်ကူးမှု ဓာတ်ပုံတွေကတော့ ထွက်ပေါ်လာပါတယ်။

Avatar ထုတ်လုပ်သူ ဂျွန်လန်ဒူကတော့ ရေအောက် ရိုက်ကူးရေးက မင်းသမီး ကိတ်ဝင်းစလက် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ ပုံထဲမှာ ကိတ်ဝင်းစလက်က ရေနေလူသားအဖြစ် သရုပ်ဆောင်နေပုံရပါတယ်။ ဂျွန်လန်ဒူက Twitter မှာ ပုံနဲ့အတူ ကိတ်ဝင်းစလက် အင်တာဗျူးစာသားကိုလည်း တွဲတင်ခဲ့တယ်။ “Avatar မှာသရုပ်ဆောင်ဖို့ အလွတ်တန်း ဒိုက်ထိုးနည်း ကျွန်မ သင်ခဲ့ရပြီး အံ့အားသင့်စရာကောင်းပါတယ်။

ကျွန်မ ရေအောက်မှာ ၁၄ မိနစ်နဲ့ ၁၄ စက္ကန့်အထိ အသက်အောင့်ထားနိုင်ခဲ့တာ မယုံနိုင်စရာပါဘဲ။ ကျွန်မက ရေနေလူသားတစ်ယောက် အဖြစ် သရုပ်ဆောင်ရတယ်။ ကျွန်မက ရေနေလူသား”

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««