ကားအဖြင့္အပိတ္မွာ အသုံးျပဳမယ့္ NFC စံသတ္မွတ္ခ်က္ကို ကားနဲ႔ ဖုန္းထုတ္လုပ္သူေတြ ေဆြးေႏြးေန

[ Zawgyi ]

ကားေတြမွာ အသုံးျပဳေနတဲ့ MirrorLink ထုတ္ကုန္ စံသတ္မွတ္ခ်က္ကုိ ျပဳလုပ္ခဲ့တဲ့ Car Connectivity Consortium (CCC) ဟာ Digital Key အတြက္ ပထမဆုံး အေသးစိတ္ အခ်က္အလက္ေတြကို ပုံႏွိပ္ထုတ္ေဝ လုိက္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူအေနနဲ႔ မၾကာမီမွာ NFC ပါဝင္တဲ့ ဖုန္းေတြနဲ႔ ကားေတြကုိ ဖြင့္ၿပီး အင္ဂ်င္ႏႈိးႏိုင္မွာ ျဖစ္ပါတယ္။

Apple, Samsung နဲ႔ LG တို႔အျပင္ ခ်စ္ပ္ထုတ္လုပ္သူေတြအျဖစ္တဲ့ Qualcomm နဲ႔ NXP နဲ႔ ကားထုတ္လုပ္သူေတြျဖစ္တဲ့ Audi, VW, BMW, GM နဲ႔ Hyundai တို႔လညး္ Digital Key ဗားရွင္း 2.0 ကို ေဆာင္ရြက္ေနၾကပါတယ္။ မ်ိဳးဆက္သစ္ NFC စံသတ္မွတ္ခ်က္သစ္ဟာ လာမယ့္ႏွစ္ ပထမ သုံးလအတြင္း အၿပီးသတ္ထြက္ရွိလာႏိုင္ပါတယ္။

ဖုန္း ဒါမွမဟုတ္ စမတ္နာရီနဲ႔ Digital Key ကုိ အသုံးျပဳလာတဲ့အခါမွာ အေဝးထိန္းကားေသာ့ေတြ လုိအပ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ကားအတြက္ Digital Key ေတြကုိ လုိအပ္တဲ့အခါ download လုပ္ႏိုင္ၿပီး ေဝမွ်သုံးစြဲႏုိင္သလုိ peer to peer လည္းအသုံးျပဳႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ကားတွေမှာ အသုံးပြုနေတဲ့ MirrorLink ထုတ်ကုန် စံသတ်မှတ်ချက်ကို ပြုလုပ်ခဲ့တဲ့ Car Connectivity Consortium (CCC) ဟာ Digital Key အတွက် ပထမဆုံး အသေးစိတ် အချက်အလက်တွေကို ပုံနှိပ်ထုတ်ဝေ လိုက်ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ မကြာမီမှာ NFC ပါဝင်တဲ့ ဖုန်းတွေနဲ့ ကားတွေကို ဖွင့်ပြီး အင်ဂျင်နှိုးနိုင်မှာ ဖြစ်ပါတယ်။

Apple, Samsung နဲ့ LG တို့အပြင် ချစ်ပ်ထုတ်လုပ်သူတွေအဖြစ်တဲ့ Qualcomm နဲ့ NXP နဲ့ ကားထုတ်လုပ်သူတွေဖြစ်တဲ့ Audi, VW, BMW, GM နဲ့ Hyundai တို့လညး် Digital Key ဗားရှင်း 2.0 ကို ဆောင်ရွက်နေကြပါတယ်။ မျိုးဆက်သစ် NFC စံသတ်မှတ်ချက်သစ်ဟာ လာမယ့်နှစ် ပထမ သုံးလအတွင်း အပြီးသတ်ထွက်ရှိလာနိုင်ပါတယ်။

ဖုန်း ဒါမှမဟုတ် စမတ်နာရီနဲ့ Digital Key ကို အသုံးပြုလာတဲ့အခါမှာ အဝေးထိန်းကားသော့တွေ လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကားအတွက် Digital Key တွေကို လိုအပ်တဲ့အခါ download လုပ်နိုင်ပြီး ဝေမျှသုံးစွဲနိုင်သလို peer to peer လည်းအသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: GSMArena