ကားထဲက ခုန္ထြက္ၿပီး InMyFeelings challenge မလုပ္ရန္ NTSB သတိေပး

[Zawgyi]

အေမရိကန္ျပည္ေထာင္စု သယ္ယူပို႔ေဆာင္ေရး ေဘးကင္းလံုၿခံဳေရးအဖြဲ႕ (NTSB) က ေရြ႕ေနတဲ့ ကားထဲကေန ခုန္ထြက္ၿပီး ကတဲ့ #InMyFeelingschallenge မလုပ္ဖို႔ သတိေပးေတာင္းဆိုလိုက္ပါတယ္။

“အင္တာနက္ေပၚမွာ ေရပန္းစားေနတဲ့ ဒီလို challenge မ်ိဳးက ကားေမာင္းႏွင္သူရဲ႕အာ႐ံုကို ေျပာင္းလဲေစပါတယ္။ အထူးသျဖင့္ ေရြ႕ေနတဲ့ ကားထဲကေန ခုန္ထြက္ၿပီး ကတဲ့ စိတ္ကူးမ်ိဳးက အႏၲရာယ္ပိုမ်ားပါတယ္” လို႔ NTSB အႀကီးအကဲျဖစ္သူ Nicholas Worrel က ေျပာၾကားခဲ့ပါတယ္။

In My Feelings challenge ဟာ @TheShiggyShow ေပၚကေန Drake meme တစ္ခုအေနနဲ႔ စတင္ခဲ့တာပါ။ အဲ့ဒီေနာက္မွာေတာ့ ဗီဒီယိုေတြက လူမႈေရးမီဒီယာေပၚမွာ ေရပန္းစားလာခဲ့ၿပီး အဲ့ဒီဗီဒီယိုထဲမွာ ကားေပၚက ခုန္အဆင္း မ်က္ႏွာနဲ႔ ျပဳတ္က်တာမ်ိဳးေတြ၊ လမ္းေပၚမွာ ေခ်ာ္လဲၿပီး ကားနဲ႔တိုက္မိတဲ့အတြက္ ဒဏ္ရာရတာမ်ိဳးေတြ ပါဝင္ခဲ့ပါတယ္။

Ref: Engadget

[Unicode]

အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးအဖွဲ့ (NTSB) က ရွေ့နေတဲ့ ကားထဲကနေ ခုန်ထွက်ပြီး ကတဲ့ #InMyFeelings challenge မလုပ်ဖို့ သတိပေးတောင်းဆိုလိုက်ပါတယ်။

“အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ ဒီလို challenge မျိုးက ကားမောင်းနှင်သူရဲ့အာရုံကို ပြောင်းလဲစေပါတယ်။ အထူးသဖြင့် ရွေ့နေတဲ့ ကားထဲကနေ ခုန်ထွက်ပြီး ကတဲ့ စိတ်ကူးမျိုးက အန္တရာယ်ပိုများပါတယ်” လို့ NTSB အကြီးအကဲဖြစ်သူ Nicholas Worrel က ပြောကြားခဲ့ပါတယ်။

In My Feelings challenge ဟာ @TheShiggyShow ပေါ်ကနေ Drake meme တစ်ခုအနေနဲ့ စတင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဗီဒီယိုတွေက လူမှုရေးမီဒီယာပေါ်မှာ ရေပန်းစားလာခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ ကားပေါ်က ခုန်အဆင်း မျက်နှာနဲ့ ပြုတ်ကျတာမျိုးတွေ၊ လမ်းပေါ်မှာ ချော်လဲပြီး ကားနဲ့တိုက်မိတဲ့အတွက် ဒဏ်ရာရတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။

Ref: Engadget