ကားထုတ်လုပ်ဖို့ သဘောတူစာချုပ် ချုပ်ဆိုတော့မယ့် Hyundai နဲ့ Apple

Hyundai နဲ့ Apple တို့ဟာ လျှပ်စစ်ကားထုတ်လုပ်မှုအတွက် ဆွေးနွေးနေတာ အချိန်ကြာမြင့်ပါပြီ။ Korea IT News ကတော့ ကုမ္ပဏီ ၂ ခုဟာ မတ်လမှာ မောင်းသူမဲ့ လျှပ်စစ်ကားထုတ်လုပ်ဖို့ ပူးပေါင်းမှု စာချုပ်ကို လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကားထုတ်လုပ်မှုကိုတော့ ဂျော်ဂျီယာပြည်နယ်က Kia ကားစက်ရုံမှာ စတင်သွားပြီး ၂၀၂၄ ခုနှစ် အရောက်မှာ လျှပ်စစ်ကား ၁၀၀,၀၀၀ နီးပါး ထုတ်လုပ်ထားပါတယ်။ Apple “beta” ကားတွေဟာ ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်ဖို့ အသင့်ဖြစ်လာပါမယ်။ Reuters ပြောကြားချက်အရ Apple ကားတွေမှာ အဆင့်မြင့် ဘက်ထရီနည်းပညာအပေါ် မှီခိုထားပါတယ်။

အဲဒီ ဘက်ထရီနည်းပညာက ကိုဗော့သတ္တုကို အသုံးမပြုထားဘဲ ခရီးအကွာအဝေး တိုးတက်လာပြီး ပိုမိုလုံခြုံမှုရှိမယ်လို့ သိရပါတယ်။ ကားမှာ ပါဝင်တဲ့ LiDAR sensor ကလည်း ပတ်ဝန်းကျင်မှာ ထိန်းကျောင်းနိုင်ပါမယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««