ကားတွေမှာ ကွန်ဖက်ဒရိတ် အလံတပ်တဲ့ Forza ကစားသူတွေကို Microsoft ဖယ်ရှား

Forza Horizon ဒါမှမဟုတ် Forza Motorsport ဂိမ်းကစားသူတွေဟာ ကားတွေကို စိတ်ကြိုက်ဆင်နိုင်ပါတယ်။ ကစားသူတွေက အဲဒီလုပ်ဆောင်ချက်ကိုအသုံးပြုပြီး The Dukes of Hazzard ရုပ်ရှင်ထဲကအတိုင်း ၁၉၆၉ခုနှစ်ထုတ် Dodge Charger ကားကို ဗိုလ်ချုပ်လီဒီဇိုင်း ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်လီဟာ အငြင်းပွားဖွယ် ကွန်ဖက်ဒရိတ်အလံကို တင်ထားပါတယ်။ ဒါကြောင့် Microsoft က ဂိမ်းထဲမှာ အဲဒီသင်္ကေတ အသုံးပြုတဲ့ ကစားသူတွေကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။

ကြေညာချက်ကို Twitteer ကိုတင်ခဲ့တဲ့ Microsoft က ကစားသူတွေက နာဇီရုပ်ပုံနဲ့ ဂျပန်နယ်ချဲ့ဝါဒ နေထွက်လာတဲ့ ပုံ အပါအဝင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ icon ကိုယ်စားပြု ကွန်ဖက်ဒရိတ်အလံနဲ့ အခြားသင်္ကေတအသုံးပြုနေတဲ့ ကစားသူတွေအပေါ် လုံးဝမသည်းခံကြောင်းပြသခဲ့ပါတယ်။ Microsoft က အငြင်းပွားဖွယ် ရုပ်ပုံဖန်တီးသူကို အလိုအလျောက် မပိတ်ပင်ပေမယ့် မူလဒီဇိုင်နာက လက်မှတ်ထိုးဖို့ လိုအပ်ပါတယ်။

-စိုးထက်
Ref: TheVerge