ကာကွယ်ဆေးသတင်းမှား ဖြန့်ဝေမှုကို တိုက်ဖျက်ဖို့ Facebook, Twitter နဲ့ Google ပူးပေါင်း

ကနေဒါနဲ့ ယူကေက Facebook, Google နဲ့ Twitter တို့နဲ့ ပူးပေါင်းပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို ရပ်တန့်သွားပါမယ်။

ဗြိတိန် အချက်အလက်စစ်ဆေးတဲ့ Full Fact ကလည်း အကူအညီပေးသွားပါမယ်။ အိန္ဒိယ၊ အာဂျင်တီးနားနဲ့ စပိန်အခြေစိုက် အချက်အလက်စစ်ဆေးတဲ့ ဝက်ဘ်ဆိုက်တွေကလည်း ယူကေနဲ့ ကနေဒါက ဖက်ဒရယ်အဖွဲ့အစည်းနဲ့ နည်းပညာနဲ့အတူ သတင်းမှားကို တားဆီးသွားပါမယ်။

Facebook ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ အခြေခံဘောင်စတင်တဲ့အချိန် အစီအစဉ်ကို ငွေကြေးထောက်ပံ့သွားပါမယ်။ Facebook ဟာ သတင်းမှားတွေ ရပ်တန့်ဖို့ လိုအပ်တဲ့ စံချိန်စံညွှန်းတွေကို စတင်သွားပါမယ်။ အွန်လိုင်းက မကောင်းတဲ့ သတင်းအချက်အလက်ကိုလည်း တုံ့ပြန်သွားပါမယ်။

စိုးထက်
Ref: BusinessInsider

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««