ကလေးမွေးဖွားနှုန်း တက်ဖို့ ဖူးစာဖက်ရှာဖွေရေး AI အတွက် ငွေကြေးထောက်ပံ့မယ့် ဂျပန်

ဂျပန်ဟာ ကလေးမွေးဖွားနှုန်း မြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်။ အခုဆိုရင် နိုင်ငံတွင်း နေထိုင်သူတွေ အချစ်စစ်တွေ့ဖို့ ဖူးစာဖက်ပေးမယ့် Artificial intelligence အစီအစဉ်ကို ငွေကြေးထောက်ပံ့ပါမယ်။

လာမယ့်နှစ်က စပြီး ဒေသတွင်းအစိုးရတွေက AI အသုံးပြုပြီး စုံတွဲတွေ ဖြစ်စေမယ့် စီမံကိန်းတွေကို စတင် လုပ်ဆောင်သွားပါမယ်။ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ ကလေးမွေးဖွားနှုန်းက ၈၆၅,၀၀၀ ဦးရေပဲရှိပြီး စံချိန်တင် လျော့နည်းခဲ့ပါတယ်။

အသက်ကြီးသူ များပြားလာတဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အခြေအနေကို ပြောင်းလဲဖို့ နည်းလမ်းများစွာနဲ့ ကြိုးစားနေပါတယ်။ အခုဆိုရင် ကလေးမွေးနှုန်း တက်လာဖို့ AI နည်းပညာကို အသုံးပြုပါတော့မယ်။

လာမယ့်နှစ်မှာ အစိုးရက ကလေးမွေးနှုန်း တက်လာဖို့ ယန်း ၂ ဘီလျံ (ဒေါ်လာ ၁၉ သန်း) ကို ဒေသခံ အာဏာပိုင်တွေဆီ ခွဲဝေချပေးထားတယ်လို့ AFP ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««