ကလေးနာမည် ပြောင်းလဲလိုက်တဲ့ အီလွန်မက်နဲ့ ဂရိုင်းစ်

အီလွန်မက်နဲ့ ဂရိုင်းစ်တို့ဟာ ၂ နှစ် အကြာ စုံတွဲခုတ်ပြီးနောက် ကလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ အီလွန်မက်က မေ ၅ ရက်မှာ Twitter ပေါ်မှာ မိခင်ရော ကလေးပါ ကျန်းမာတဲ့အကြောင်း တင်ခဲ့ပါတယ်။ နောက်ပိုင်း မွေးကင်းစ ကလေးဓာတ်ပုံကို ချီထားပုံကို ဝေမျှခဲ့ပါတယ်။

အခုဆိုရင် အီလွန်မက်နဲ့ ဂရိုင်းစ်တို့က ကလေးနာမည်ကို မူလပေးထားတဲ့ “X Æ A-12” ကနေ “X Æ A-Xii” ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။အမည်ပြောင်းလဲလိုက်တဲ့အကြောင်း Instagram မှာ ဂရိုင်းစ်က ကြေညာခဲ့ပါတယ်။ ကလေးနာမည်ကို ကယ်လီဖိုးနီးယားဥပဒေကြောင့် ပြောင်းလဲလိုက်တာလို့ ကလေးနဲ့ မဆက်စပ်တဲ့ ဓာတ်ပုံတစ်ခုရဲ့ comment မှာ therealsainti က မေးမြန်းခဲ့ပါသေးတယ်။ အဲဒီမှတ်ချက်မှာ ဂရိုင်းစ်က “X Æ A-Xii” လို့ပြန်ရေးသားခဲ့ပါတယ်။

အီလွန်မက်နဲ့ ဂရိုင်းစ်က ကလေးကို မေ ၄ ရက်မှာ မွေးဖွားခဲ့တယ်လို့ ထုတ်ပြန်ပြီး သူ့အမည်က “X Æ A-12” လို့ထုတ်ပြန်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က ကလေးရဲ့တရားဝင်မွေးစာရင်း အမည်ကို လက်ခံမှာ မဟုတ်ဘူးလို့ လူတချို့က ထောက်ပြကြပါတယ်။

စိုးထက်
Ref: CNET