ကလေးတွေအတွက် Star Wars နဲ့ Frozen ဒီဇိုင်း fitness tracker နှစ်မျိုးကို Garmin မိတ်ဆက်

Garmin ဟာ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် Disney ဒီဇိုင်း ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က Garmin ဟာ Frozen 2 နဲ့ Star Wars ဒီဇိုင်း Vivofit Jr. fitness tracker နှစ်မျိုးကို မိတ်ဆက်ခဲ့သလို ဆယ်ကျော်သက်တွေအတွက် Garmin Legacy Saga series ဖြစ်တဲ့ Star Wars ထုတ်ကုန် နှစ်မျိုးကိုလည်း ပြသခဲ့ပါတယ်။

VIVOFIT JR. 2 SERIES ထုတ်ကုန်သစ်များ

လက်ရှိထုတ်လုပ်ထားတဲ့ Vivofit Jr.2 ထုတ်ကုန်မှာ Disney မင်းသမီးလေး၊ မီနီမောက်စ်၊ စပိုက်ဒါမန်း၊ Star Wars နဲ့ Marvel Avengers ဒီဇိုင်းတွေ ပါဝင်လာပါတယ်။ အသစ်ထွက်ရှိလာတဲ့ Frozen 2 ထုတ်ကုန်ကိုတော့ အန်နာနဲ့ အယ်ဆာ ဆိုပြီး ဇာတ်ကောင်ဗားရှင်းနဲ့ ထုတ်လုပ်ထားပါတယ်။ ကြိုးကို ချိန်ညှိနိုင်ပြီး ၆၉.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Garmin ဟာ Frozen ဇာတ်ကားက နှင်းရုပ်လေးဖြစ်တဲ့ အိုလဗ်ရဲ့ သတ္တိဆိုတဲ့ လေ့ကျင့်ရေးကတ်ကိုလည်း ထုတ်လုပ်ထားပြီး ကလေးတွေကို အခြေခံလေ့ကျင့်ခန်းထဲက သွေးပူလေ့ကျင့်ခန်းတွေကို သင်ကြားပေးနိုင်ပါတယ်။ ကလေးတွေက စွန့်စားခန်းတွေများစွာကို ပြုလုပ်နိုင်ဖို့ အပြန်အလှန် ကစားနိုင်တဲ့ interactive Tap Challenger နဲ့ ဆက်လက်ကစားနိုင်ပါတယ်။ ကလေးတွေက နေ့စဉ်လုပ်ငန်းတွေကို မိနစ်ပိုင်းပြုလုပ်တဲ့အခါ မိုဘိုင်း challenge တွေအတွက် အချိန်ပိုမိုရရှိမှာ ဖြစ်ပါတယ်။ Star Wars မော်ဒယ်သစ် ၂ ခု ထဲမှာ အလင်းနဲ့ အမှောင်ခြမ်းဆိုပြီး ပါဝင်ကာ ချိန်ညှိနိုင်တဲ့ ကြိုးတွေပါဝင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၆၉.၉၉ ကျသင့်ပါမယ်။ မိဘတွေက Garmin app ကိုအသုံးပြုပြီး ကလေးတွေရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်၊ စီမံပြီး တာဝန်တွေပေးနိုင်သလို အမူအကျင့်ကောင်း ပြသတဲ့အခါမှာလည်း ဆုတွေ ပေးနိုင်ပါတယ်။

LEGACY SAGA SERIES ထုတ်ကုန်သစ်များ

Garmin ဟာ စက်တင်ဘာလမှာ ပြုလုပ်တဲ့ IFA ပွဲမှာ Captain Marvel နဲ့ First Avenger Legacy Saga စီးရီးနာရီတွေကို ဆယ်ကျော်သက်တွေအတွက် မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာလည်း Garmin က ဆယ်ကျော်သက်တွေအတွက် Star Wars ဇာတ်လမ်းတွဲထဲက Darth Vader နဲ့ Rey ဇာတ်ကောင် Legacy Saga စီးရီးထုတ်ကုန်သစ်တွေကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

Rey မော်ဒယ်နာရီကတော့ ၄၀ မီလီမီတာ၊ Darth Vader ကတော့ ၄၅ မီလီမီတာ အရွယ်အစား အသီးသီးရှိကြပါတယ်။ Star Wars ပုံစံ နာရီတွေကို ဒေါ်လာ ၃၉၉.၉၉ နဲ့ ဝယ်ယူနိုင်ပါတယ်။ Vivoactive 4 နာရီတွေမှာ ရုပ်ရှင်ဇာတ်ကားဒီဇိုင်းတွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

စိုးထက်
Ref: ZDNet