ကလေးတွေအတွက် Facebook Messenger Kids

Facebook ဟာ Messenger app ကိုအဆက်မပြတ် အဆင့်မြှင့်တင်နေပါတယ်။ မကြာသေးခင်က Facebook Messenger ထဲ Facebook Pay ကိုထည့်သွင်းခဲ့ပြီး မြန်နှုန်းနဲ့ footprint ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

အခုဆိုရင် Facebook က ကလေးတွေနဲ့ အကျွမ်းတဝင်ဖြစ်မယ့် Messenger ကိုအဆင့်မြှင့်တင်လိုက်ပါတယ်။ Messenger Kids ကို ၂၀၁၈ ခုနှစ်က စတင်ဖြန့်ချိခဲ့ပါတယ်။ Facebook Messenger Kids ဟာ မိဘတွေ ကြီးကြပ်မှုနဲ့ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး လုံခြုံရေး၊ ပြင်လွယ်ပြောင်းလွယ်နဲ့ control တွေများစွာ ပါဝင်လာပါတယ်။ Messenger Kids ကိုအမေရိကန်နိုင်ငံတင်မကဘဲ အခြားဒေသတွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။

Facebook Messenger Kids app ကိုနိုင်ငံပေါင်း ၇၀မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena