ကလေးတွေနဲ့ ရင်းနှီးစေမယ့် tablet ဖြစ်လာအောင် အကူအညီပေးမယ့် Google Kids Space

Google ဟာ ကလေးတွေနဲ့ ရင်းနှီးစေမယ့် လုပ်ဆောင်ချက်နဲ့ content ပါဝင်မယ့် Android tablet mode အသစ်နဲ့ parental control တွေပါဝင်မယ့် Kids Space ကိုထုတ်ပြန်လိုက်ပါတယ်။ အဲဒီ mode ဟာ Lenovo ရဲ့ Tab M10 HD Gen 2 tablet မှာ စတင် ပွဲထွက်လာပါတယ်။ Google အနေနဲ့ အနာဂတ်မှာ ထုတ်ကုန်များစွာမှာ ထည့်သွင်းဖို့ ရှိပါတယ်။

ဈေးကွက်မှာ ကလေးတွေအတွက် Amazon Fire HD Kids Edition လိုမျိုး သီးသန့် content ပါဝင်တဲ့ tablet တွေရှိပါတယ်။ ဒါ့အပြင် third-party parental control app တွေများစွာလည်း ထွက်ထားပါတယ်။ Kids Space ကတော့ Android tablet တွေမှာ တစ်ပါတည်း ပါဝင်လာမယ့် mode အသစ်ဖြစ်ပါတယ်။

Kids Space ထဲမှာ ကလေးတွေက ဂိမ်းတွေ၊ စာအုပ်တွေ၊ ဗီဒီယိုနဲ့ app တွေကိုအသုံးပြုနိုင်ပါမယ်။ ကလေးငယ် ကြီးထွားအရွယ်ရောက်မှုအလိုက် content တွေကို ဖော်ပြဖို့ ကလေးနဲ့ မိဘတွေနဲ့ အတူလုပ်ကိုင်မယ်လို့ Google ကပြောထားပါတယ်။ Kids Space ဟာ စုံလင်ကြွယ်ဝပြီး အရည်အသွေးမြင့်သလို ယုံကြည်ရပြီး အသက် ၉ နှစ် အောက် ကလေးတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Kids Space ရဲ့ interface ကလည်း အရောင်စုံပြီး ချစ်ဖို့ကောင်းပါတယ်။ အလွယ်တကူလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ကလေးတွေက animals, princesses, cooking, vehicles, homework help ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ရှာဖွေနိုင်ပါတယ်။ Kids Space မှာ “Make”, “Play”, “Read” နဲ့ “Watch” ဆိုတဲ့ tab ၄ ခု ပါဝင်ပါတယ်။ ကလေးတွေ ကိုယ်တိုင် avatar ဖန်တီးနိုင်ပါတယ်။ မိဘတွေကလည်း Google Play Store က app တွေထည့်သွင်းနိုင်ပြီး ကျောင်းတက်တဲ့အခါ အထောက်အပံ့ဖြစ်အောင် လုပ်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««