ကရိုနာဗိုင်းရပ်စ် ပြန့်ပွားနေပေမယ့် 5G ဖုန်း (၁၀) မျိုး မိတ်ဆက်ဖို့ Xiaomi ဆက်လက်စီစဉ်

ကရိုဗိုင်းရပ်စ်ပြန့်ပွားနေတာကြောင့် စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းတွေ ရပ်တန့်နေပေမယ့် Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်က ဒီနှစ်မှာ အစီအစဉ်အတိုင်း 5G ဖုန်း ၁၀ မျိုး ထုတ်လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Xiaomi က Mi 10 ကိုမိတ်ဆက်ခဲ့တဲ့ပွဲအတွင်း ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို လေဂျွန်ကပြောခဲ့ပါတယ်။ Xiaomi ရဲ့နောက်ဆုံးပေါ် flaghship Mi 10 ဖုန်းဟာ 5G ချိတ်ဆက်မှု ပါဝင်လာတာကြောင့် ဈေးနှုန်းအမြင့်မားဆုံး Mi စီးရီးဖုန်းဖြစ်လာပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေဟာ တရုတ်နိုင်ငံတစ်ဝန်း ကရိုနာဗိုင်းရပစ်ပျံ့နှံ့မှုကြောင့် ဖုန်းထုတ်လုပ်မှု မလုံလောက်တာနဲ့ ရင်ဆိုင်နေရပါတယ်။ Asus အနေနဲ့ အိန္ဒိယမှာ ROG ဖုန်းထုတ်လုပ်မှု နှောင့်နှေးနေပြီး Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Realme ဖုန်းမော်ဒယ်တချို့လည်း နှောင့်နှေးနေပါတယ်။ တရုတ်ကုမ္ပဏီ Lenovo, Xiaomi နဲ့ Oppo အပြင် Apple လိုမျိုး အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

တရုတ်စမတ်ဖုန်းလုပ်ငန်း အမြန်ဆုံး လုပ်ငန်းစတင်ဖို့ လေဂျွန်ကတိုက်တွန်းခဲ့ပါတယ်။ Xiaomi အနေနဲ့ 5G ဈေးကွက်ရရှိဖို့ Huawei, Samsung နဲ့အခြားစမတ်ဖုန်းကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။ Vivo အနေနဲ့ ဈေးနှုန်းသက်သာတဲ့ ဖုန်းမော်ဒယ်တွေနဲ့ 5G ဖုန်းရောင်းချမှုကို အသာစီးရယူနိုင်ခဲ့ပါတယ်။

စိုးထက်
Ref: SCMP