ကရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၁၄ ရက်တိုင် စက်ရုံလုပ်သားတွေကို Foxconnn သီးသန့်ခွဲထုတ်မည်

Foxconn ဟာ ကရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့ ဖေဖော်ဝါရီ ၁၀ ရက် အလုပ်တက်သူတွေ ပြန်ရောက်လာတဲ့ အချိန်ရောက်ရင် ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ iPhone တပ်ဆင်သူတွေကို သီးသန့်ခွဲထုတ်သွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဝူဟန်နဲ့ မိုင် ၃၀၀ ဝေးတဲ့ ဟီနန်စီရင်စု ကျန်ဇူးမြို့က Foxconn ရဲ့အကြီးမားဆုံးစက်ရုံမှာ ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိပါတယ်။ Apple ရဲ့အရေးကြီးဆုံး ဖုန်းထုတ်လုပ်ရေး Foxconn ကုမ္ပဏီဟာ ကူးစက်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ဖို့ တရုတ်နှစ်သစ်ကူး တိုးချဲ့အလုပ်ပိတ်ရက်အပြီး ဖေဖောဝါရီ ၁၀ ရက် လုပ်ငန်းကို ပြန်လည်စတင်ပါမယ်။ ဟီနန်စီရင်စု အပြင်ဘက်ကနေ အလုပ်ကိုပြန်လာတဲ့ လုပ်သားတွေ ကျန်ဇူးမြို့က အဓိကစက်ရုံထဲ ဝင်ရောက်လာတဲ့အခါ ရောဂါမပျံ့ပွားဖို့ ၁၄ ရက်တိုင် သီးခြားခွဲထုတ်ထားပါမယ်။ စီရင်စုအတွင်းက အလုပ်တက်သူတွေကိုတော့ တစ်ပတ်တိုင် သီးခြားခွဲထုတ်ထားမယ်လို့ Hon Hai (Foxconn တရုတ်အမည်) ကကြေညာခဲ့ပါတယ်။ အဲဒီသတင်းကိုတော့ Blooberg ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာပြသဖို့ ၁၄ ရက်ကြာ စောင့်ကြည့်ရပြီး မဖျားနာခင်မှာ ကူးစက်နိုင်ခြေရှိပါတယ်။

Foxconn စက်ရုံလုပ်သားအများစုဟာ အလုပ်ချိန်အတွင်း စက်ရုံတွင်းမှာပဲ နေထိုင်ကြတဲ့ သီးသန့်ခွဲထုတ်တဲ့ အစီအစဉ်က ပိုမို လွယ်ကူလာပါတယ်။ တရုတ်အစိုးရက တရုတ်နှစ်သစ်ကူး အားလပ်ရက်အပြီး စက်ရုံတွေ ပိတ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ပြန်လည်ဖွင့်ဖို့ ညွှန်ကြားထားပါတယ်။ စက်ရုံဖွင့်တာ စောလွန်းတယ်လို့ လူတချို့ကပြောခဲ့ပါတယ်။ ဒါပေမဲ့ Apple အတွက် အစိတ်အပိုင်းတွေထောက်ပံ့တဲ့ Foxconn, Quanta Computer, Inventec နဲ့ LG တို့က တပ်ဆင်ထုတ်လုပ်မှုကို ပြန်လည် စတင်လိုနေပါတယ်။ iPhone တပ်ဆင်သူတွေကို သီးသန့်ခွဲထုတ်တဲ့ အစီအစဉ်ကြောင့် ဖုန်းကို အချိန်မီ ထုတ်လုပ်လာနိုင်ပါတယ်။

စိုးထက်
Ref: 9to5Mac