ကယားပြည်နယ်အတွင်း တာဝါတိုင်များတိုးချဲ့ရန်စီစဉ်

ကယားပြည်နယ်အတွင်းမှာ မိုဘိုင်းတာဝါတိုင်တွေ တိုးချဲ့နေတယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပရာကနေ သိရတာဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar နဲ့ Ooredoo Myanmar တို့ GSM-3G စခန်းတွေ တည်ဆောက် ဖွင့်လှစ်ဆောင်ရွက်ပေးနေတဲ့ အခြေအနေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မယ်စဲမြို့နယ်၊ ဟိုစဲရွာမှာ GSM-3G စခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ဖို့ လျာထားချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးကပြောကြားခဲ့ တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ကယားပြည်နယ်အတွင်းမှာ တည်ဆောက်ဖွင့်လှစ်ပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတဲ့ GSM-3G စခန်း ၅၆ ခုအနက် မယ်စဲမြို့ပေါ်မှာ GSM-3G စခန်းတစ်ခုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

Telenor Myanmar က ကယားပြည်နယ်အတွင်းမှာ GSM-3G စခန်း ၅၆ ခုနဲ့ Ooredoo Myanmar က GSM စခန်း ၃၇ ခုတို့ကို တည်ဆောက် ဖွင့်လှစ်လျက်ရှိတယ်လို့ ဆိုပါတယ်။ တာဝါတိုင်အများစုဟာ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်စတဲ့ လူဦးရေအများဆုံးနေထိုင်တဲ့ ဒေသများမှာ တည်ရှိတာကိုတွေ့ရကြောင်း သိရပါတယ်။ မယ်စဲ့မြို့နယ်မှာ MPT တာဝါတိုင်ထပ်မံ တိုးချဲ့တပ်ဆင်ပေးဖို့ အစီအစဉ်ရှိမရှိနဲ့ စပ်လျဉ်းတဲ့မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

-ထွန်းထွန်း