ကမ႓ာ႔အႀကီးဆုံး selfie ကင္မရာ (သို႔မဟုတ္) 3D scanning စမတ္မွန္

[ Zawgyi ]

ဆီလီကြန္ေတာင္ၾကားက Naked Labs လို႔အမည္ရတဲ့ startup ကုမၸဏီဟာ အင္တာနက္နဲ႔ခ်ိတ္ဆက္ထားႏိုင္ၿပီး မိုဘုိင္း app နဲ႔တြဲဖက္အသုံးျပဳႏိုင္တဲ့ 3D scanning စမတ္မွန္တစ္မ်ိဳးကုိ တည္ေဆာက္ခဲ့ပါတယ္။ အဲဒီစမတ္မွန္ဟာ ခႏၶာကိုယ္ေတြ အခ်ိန္နဲ႔အမွ် ေျပာင္းလဲမႈကို ေျခရာခံေပးႏိုင္ပါတယ္။ အားကစားသမားေတြ၊ ကုိယ္လက္ႀကံ့ခိုင္မႈရွိေရးအတြက္ ဝါသနာပါသူေတြနဲ႔ ကုိယ္အေလးခ်ိန္ ေလွ်ာ႔ခ်ဖို႔ ႀကိဳးစားေနတဲ့ လူေတြအတြက္ အေျပာင္းအလဲျဖစ္ေပၚႏိုင္တဲ့ ထုတ္ကုန္ေတြ ျဖစ္ပါတယ္။

“အဲဒီစမတ္မွန္ေၾကာင့္ လူေတြအေနနဲ႔ ခႏၶာကိုယ္ေျပာင္းလဲမႈကို ပုိမိုနားလည္ၿပီး ရည္မွန္းခ်က္ေတြအတိုင္း ဆက္လက္ လုပ္ေဆာင္ႏိုင္မယ္” လို႔ ကုမၸဏီက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီစမတ္မွန္ဟာ Wi-Fi/Bluetooth နဲ႔ ခ်ိတ္ဆက္ထားႏိုင္ၿပီး သုံးစြဲသူရဲ႕ 3D ခႏၶာကိုယ္တစ္ခုလုံးကုိ scan ျပဳလုပ္ႏိုင္ဖို႔ Intel “RealSense” depth sensor ၃ ခုကို အသုံးျပဳထားပါတယ္။ သုံးစြဲသူရဲ႕ ခႏၶာကုိယ္ကုိ scan ျပဳလုပ္ၿပီးတာနဲ႔ ခႏၶာကုိယ္အဆီရာခိုင္ႏႈန္း၊ က်စ္လစ္မႈပမာဏ၊ အဆီပမာဏ၊ ေဘးခ်င္းယွဥ္ႏိႈင္းယွဥ္မႈနဲ႔ အရင္အခ်က္အလက္ေတြကုိ ဂရပ္မ်ဥ္းေတြေတြနဲ႔ မိုဘိုင္း app မွာျပသေပးမွာ ျဖစ္ပါတယ္။

Naked ကုမၸဏီအေနနဲ႔ စမတ္မွန္ကို ခႏၶာကုိယ္ႀကံ့ခိုင္ေရး ေဈးကြက္အျပင္ အျခားက႑ေတြမွာ ေရာင္းခ်သြားဖို႔ အစီအစဥ္ေတြ ရွိပါတယ္။ အခုစမတ္မွန္ကို ဗီဒီယိုဂမ္းတစ္ခုအတြင္း သုံးစြဲသူရဲ႕ ခႏၶာကုိယ္အစစ္အမွန္ကို ထည့္သြင္းတာ ဒါမွမဟုတ္ အက်ႌကိုယ္တိုင္း ခ်ဳပ္တာေတြအထိ အသုံးျပဳလာႏိုင္ပါတယ္။ အခုစမတ္မွန္ကို ဒီလအတြင္း လက္လီေဈးကြက္ေတြမွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူ ထားသူေတြကိုလညး္ ဒီလမွာ စတင္တင္ပုိ႔ေရာင္းခ်သြားျဖစ္ပါတယ္။ အဲဒီစမတ္မွန္တစ္ခ်ပ္ရဲ႕ ေဈးႏႈန္းက ေဒၚလာ ၁,၃၉၅ ရွိၿပီး တင္ပုိ႔ခ ေဒၚလာ ၁၀၀ ထပ္ေဆာင္းက်သင့္မွာ ျဖစ္ပါတယ္။

3D scanning နည္းပညာဟာ စရိတ္ႀကီးမားတဲ့အတြက္ ေဆးဘက္ဆုိင္ရာအေဆာက္အအုံ၊ အ႐ုပ္ကုမၸဏီေတြနဲ႔ ေဟာလိဝုဒ္ special effect ေတြျပဳလုပ္တဲ့ ကုမၸဏီေတြမွာ အမ်ားဆုံး အသုံးျပဳၾကပါတယ္။ အဲဒီနည္းပညာကို ဒီဇိုင္း၊ ေဖ်ာ္ေျဖေရးနဲ႔ virtual ခရီးသြားလုပ္ငန္း အပါအဝင္ က႑အမ်ိဳးမ်ိဳးမွာ အသုံးခ်ႏိုင္တယ္လို႔ ကၽြမ္းက်င္ပညာရွင္ေတြက ေျပာခဲ့ပါတယ္။

စိုးထက္
Ref: DigitalTrends

[ Unicode ]

ဆီလီကွန်တောင်ကြားက Naked Labs လို့အမည်ရတဲ့ startup ကုမ္ပဏီဟာ အင်တာနက်နဲ့ချိတ်ဆက်ထားနိုင်ပြီး မိုဘိုင်း app နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ 3D scanning စမတ်မှန်တစ်မျိုးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီစမတ်မှန်ဟာ ခန္ဓာကိုယ်တွေ အချိန်နဲ့အမျှ ပြောင်းလဲမှုကို ခြေရာခံပေးနိုင်ပါတယ်။ အားကစားသမားတွေ၊ ကိုယ်လက်ကြံ့ခိုင်မှုရှိရေးအတွက် ဝါသနာပါသူတွေနဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေတဲ့ လူတွေအတွက် အပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။

“အဲဒီစမတ်မှန်ကြောင့် လူတွေအနေနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကို ပိုမိုနားလည်ပြီး ရည်မှန်းချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်နိုင်မယ်” လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစမတ်မှန်ဟာ Wi-Fi/Bluetooth နဲ့ ချိတ်ဆက်ထားနိုင်ပြီး သုံးစွဲသူရဲ့ 3D ခန္ဓာကိုယ်တစ်ခုလုံးကို scan ပြုလုပ်နိုင်ဖို့ Intel “RealSense” depth sensor ၃ ခုကို အသုံးပြုထားပါတယ်။ သုံးစွဲသူရဲ့ ခန္ဓာကိုယ်ကို scan ပြုလုပ်ပြီးတာနဲ့ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း၊ ကျစ်လစ်မှုပမာဏ၊ အဆီပမာဏ၊ ဘေးချင်းယှဉ်နှိုင်းယှဉ်မှုနဲ့ အရင်အချက်အလက်တွေကို ဂရပ်မျဉ်းတွေတွေနဲ့ မိုဘိုင်း app မှာပြသပေးမှာ ဖြစ်ပါတယ်။

Naked ကုမ္ပဏီအနေနဲ့ စမတ်မှန်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေး ဈေးကွက်အပြင် အခြားကဏ္ဍတွေမှာ ရောင်းချသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ အခုစမတ်မှန်ကို ဗီဒီယိုဂမ်းတစ်ခုအတွင်း သုံးစွဲသူရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ထည့်သွင်းတာ ဒါမှမဟုတ် အကျႌကိုယ်တိုင်း ချုပ်တာတွေအထိ အသုံးပြုလာနိုင်ပါတယ်။ အခုစမတ်မှန်ကို ဒီလအတွင်း လက်လီဈေးကွက်တွေမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူ ထားသူတွေကိုလညး် ဒီလမှာ စတင်တင်ပို့ရောင်းချသွားဖြစ်ပါတယ်။ အဲဒီစမတ်မှန်တစ်ချပ်ရဲ့ ဈေးနှုန်းက ဒေါ်လာ ၁,၃၉၅ ရှိပြီး တင်ပို့ခ ဒေါ်လာ ၁၀၀ ထပ်ဆောင်းကျသင့်မှာ ဖြစ်ပါတယ်။

3D scanning နည်းပညာဟာ စရိတ်ကြီးမားတဲ့အတွက် ဆေးဘက်ဆိုင်ရာအဆောက်အအုံ၊ အရုပ်ကုမ္ပဏီတွေနဲ့ ဟောလိဝုဒ် special effect တွေပြုလုပ်တဲ့ ကုမ္ပဏီတွေမှာ အများဆုံး အသုံးပြုကြပါတယ်။ အဲဒီနည်းပညာကို ဒီဇိုင်း၊ ဖျော်ဖြေရေးနဲ့ virtual ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍအမျိုးမျိုးမှာ အသုံးချနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောခဲ့ပါတယ်။

Ref: DigitalTrends