ကမၻာ့အႀကီးဆံုး စမတ္ဖုန္းစက္႐ံုကို အိႏၵိယမွာ ဖြင့္လွစ္လိုက္တဲ့ Samsung

[ Zawgyi ]

ေတာင္ကိုရီးယားသမၼတ Moon Jae-in ဟာ အိႏၵိယကို အလည္အပတ္ေရာက္ရိွခဲ့ၿပီး ခရီးစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အူတာပရာဒက္ရွ္ျပည္နယ္၊ ႏြိဳက္ဒါၿမိဳ႕မွာရိွတဲ့ ကမၻာ့အႀကီးဆံုး စမတ္ဖုန္းစက္႐ံု ဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။ အဲ့ဒီစက္႐ံုဟာ ၃၅ ဧက က်ယ္ဝန္းၿပီး အိႏၵိယရဲ႕ စမတ္ဖုန္းထုတ္လုပ္မႈကို ၅၀ ရာခိုင္ႏႈန္း ျမႇင့္တင္ေပးႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။

အဆိုပါ စက္႐ံုသစ္ဟာ ေဒၚလာ သန္း ၇၀၀ တန္ တိုးခ်ဲ႕မႈအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ ဒီစက္႐ံုဟာ အရင္က ေရခဲေသတၱာနဲ႔ တီဗီေတြကို ထုတ္လုပ္တဲ့ စက္႐ံုေဟာင္းတစ္ခု ျဖစ္ပါတယ္။ Nokia စက္ရံုမဖြင့္လွစ္ခင္က Samsung ဟာ အိႏၵိယမွာ ဖုန္း ၆၇ သန္း ထုတ္လုပ္ခဲ့ၿပီး အမ်ားစုကို အိႏၵိယေတာင္ပိုင္းမွာရိွတဲ့ တမီလ္နာဒူက စက္႐ံုေတြကေန ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီး အေနနဲ႔ ထုတ္လုပ္မႈကို သံုးႏွစ္အတြင္း သန္း ၁၂၀ အထိ ရိွလာဖို႔ ရည္မွန္းထားၿပီး ဝန္ထမ္းသစ္ ၅,၀၀၀ ကိုလည္း ခန္႔အပ္ထားပါတယ္။ Samsung India ကေတာ့ အိႏၵိယတစ္ဝန္းက Samsung ထုတ္ကုန္ေတြကို ေတာင္းဆိုမႈ ျမင့္တက္လာတာေၾကာင့္ အခုလို စက္႐ံုႀကီး ဖြင့္လွစ္ရျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Samsung ဟာ ထိပ္တန္း စမတ္ဖုန္းကုမၸဏီအျဖစ္ ကာလၾကာရွည္ ရပ္တည္ခဲ့သလို ထိပ္ဆံုးေနရာအတြက္ အိႏၵိယမွာ ဖုန္းစတင္ထုတ္လုပ္ေနတဲ့ Xiaomi နဲ႔ တိုက္ပြဲဝင္ေနရဆဲျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

တောင်ကိုရီးယားသမ္မတ Moon Jae-in ဟာ အိန္ဒိယကို အလည်အပတ်ရောက်ရှိခဲ့ပြီး ခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အူတာပရာဒက်ရှ်ပြည်နယ်၊ နွိုက်ဒါမြို့မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းစက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီစက်ရုံဟာ ၃၅ ဧက ကျယ်ဝန်းပြီး အိန္ဒိယရဲ့ စမတ်ဖုန်းထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဆိုပါ စက်ရုံသစ်ဟာ ဒေါ်လာ သန်း ရ၀၀ တန် တိုးချဲ့မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီစက်ရုံဟာ အရင်က ရေခဲသေတ္တာနဲ့ တီဗီတွေကို ထုတ်လုပ်တဲ့ စက်ရုံဟောင်းတစ်ခု ဖြစ်ပါတယ်။ Nokia စက်ရုံမဖွင့်လှစ်ခင်က Samsung ဟာ အိန္ဒိယမှာ ဖုန်း ၆၇ သန်း ထုတ်လုပ်ခဲ့ပြီး အများစုကို အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ တမီလ်နာဒူက စက်ရုံတွေကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး အနေနဲ့ ထုတ်လုပ်မှုကို သုံးနှစ်အတွင်း သန်း ၁၂၀ အထိ ရှိလာဖို့ ရည်မှန်းထားပြီး ဝန်ထမ်းသစ် ၅,၀၀၀ ကိုလည်း ခန့်အပ်ထားပါတယ်။ Samsung India ကတော့ အိန္ဒိယတစ်ဝန်းက Samsung ထုတ်ကုန်တွေကို တောင်းဆိုမှု မြင့်တက်လာတာကြောင့် အခုလို စက်ရုံကြီး ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung ဟာ ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီအဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သလို ထိပ်ဆုံးနေရာအတွက် အိန္ဒိယမှာ ဖုန်းစတင်ထုတ်လုပ်နေတဲ့ Xiaomi နဲ့ တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena