[ Zawgyi ]
Nissan ရဲ႕မ်ိဳးဆက္သစ္ GT-R ကားကုိ ကမၻာ့အျမန္ဆုံး ၿပိဳင္ကားျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ကုမၸဏီဒီဇိုင္း အႀကီးအကဲျဖစ္တဲ့ အယ္ဖြန္ဆိုအယ္ေဘဆာက အတည္ျပဳေျပာၾကား သြားခဲ့ပါတယ္။
မ်ိဳးဆက္သစ္ GT-R ကားဟာ အီတလီက ဒီဇိုင္းထုတ္ထားတဲ့ GT-R50 အေပၚအေျခခံၿပီး တည္ေဆာက္ထားတာ မဟုတ္ဘူးလို႔ ဒီဇိုင္းအႀကီးအကဲက Goodwood Festival of Speed မွာ Autocar နဲ႔အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။ မ်ိဳးဆက္သစ္ GT-R ကားသစ္ဟာ ကြဲျပားျခားနားၿပီး ထူးျခားမႈရွိတဲ့ ကားျဖစ္လာမယ္လို႔ ဆိုပါတယ္။ GT-R ကားသစ္အေနနဲ႔ အျခားကားေတြနဲ႔ ျခားနားတဲ့ ကုိယ္ပုိင္ပုံစံကုိ ထိန္းသိမ္းရမယ္လို႔ အယ္ဖြန္ဆိုကေျပာခဲ့ပါတယ္။
GT-R ကားသစ္မွာ Nissan 2020 Vision Concept ကုိအေျခခံတဲ့ ဒီဇိုင္း အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ အယ္ဖြန္ဆိုအေနနဲ႔ မ်ိဳးဆက္သစ္ GT-R ရဲ႕ပုံၾကမ္းေတြကုိ အဆက္မျပတ္ေလ့လာ aနပါတယ္။ အင္ဂ်င္နဲ႔ platform သစ္ေတြ အၿပီးမသတ္ခင္အထိ အယ္ဖြန္ဆိုအဖြဲ႕က အလုပ္ေတြကို မလုပ္ကုိင္ေသးဘူးလို႔ သိရပါတယ္။
အင္ဂ်င္နီယာေတြအေနနဲ႔ နည္းပညာပုိင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြ သုံးသပ္ၿပီးရင္ ကားတည္ေဆာက္မႈကုိ စတင္သြားမွာ ျဖစ္တယ္လို႔ အယ္ဖြန္ဆိုက ေျပာၾကားခဲ့ပါတယ္။
[foogallery id=”88318″]
စိုးထက္
Ref: Motor1
[ Unicode ]
Nissan ရဲ့မျိုးဆက်သစ် GT-R ကားကို ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ကုမ္ပဏီဒီဇိုင်း အကြီးအကဲဖြစ်တဲ့ အယ်ဖွန်ဆိုအယ်ဘေဆာက အတည်ပြုပြောကြား သွားခဲ့ပါတယ်။
မျိုးဆက်သစ် GT-R ကားဟာ အီတလီက ဒီဇိုင်းထုတ်ထားတဲ့ GT-R50 အပေါ်အခြေခံပြီး တည်ဆောက်ထားတာ မဟုတ်ဘူးလို့ ဒီဇိုင်းအကြီးအကဲက Goodwood Festival of Speed မှာ Autocar နဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ မျိုးဆက်သစ် GT-R ကားသစ်ဟာ ကွဲပြားခြားနားပြီး ထူးခြားမှုရှိတဲ့ ကားဖြစ်လာမယ်လို့ ဆိုပါတယ်။ GT-R ကားသစ်အနေနဲ့ အခြားကားတွေနဲ့ ခြားနားတဲ့ ကိုယ်ပိုင်ပုံစံကို ထိန်းသိမ်းရမယ်လို့ အယ်ဖွန်ဆိုကပြောခဲ့ပါတယ်။
GT-R ကားသစ်မှာ Nissan 2020 Vision Concept ကိုအခြေခံတဲ့ ဒီဇိုင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အယ်ဖွန်ဆိုအနေနဲ့ မျိုးဆက်သစ် GT-R ရဲ့ပုံကြမ်းတွေကို အဆက်မပြတ်လေ့လာ aနပါတယ်။ အင်ဂျင်နဲ့ platform သစ်တွေ အပြီးမသတ်ခင်အထိ အယ်ဖွန်ဆိုအဖွဲ့က အလုပ်တွေကို မလုပ်ကိုင်သေးဘူးလို့ သိရပါတယ်။
အင်ဂျင်နီယာတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေ သုံးသပ်ပြီးရင် ကားတည်ဆောက်မှုကို စတင်သွားမှာ ဖြစ်တယ်လို့ အယ်ဖွန်ဆိုက ပြောကြားခဲ့ပါတယ်။
[foogallery id=”88318″]
စိုးထက်
Ref: Motor1