ကမ္ဘာ့ပထမဆုံး curved Thunderbolt 3 QLED display ကို Samsung ပွဲထုတ်မိတ်ဆက်

Samsung ဟာ ကမ္ဘာ့ပထမဆုံး curved Thunderbolt 3 QLED display လို့ခေါ်တဲ့ ၃၄ လက်မ CJ791 ကို ပွဲထုတ်မိတ်ဆက် လိုက်ပါတယ်။ အဲ့ဒီ display မှာ 3440×1440 resolution, wide 21:9 aspect ratio နဲ့ four milliseconds response time တို့ပါဝင်ပါတယ်။

“ CJ791 သုံးစွဲသူတွေက သူတို့ရဲ့ monitor နဲ့ laptop ကို Thunderbolt 3 cable တစ်ခုတည်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ Thunderbolt 3 ချိတ်ဆက်မှုက အမြန်နှုန်း 40 Gigabits per second (Gbps) အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ USB တွေထက် လေးဆနီးပါး ပိုမြန်တာကြောင့် သုံးစွဲသူတွေက dock တွေနဲ့ display တွေအပြင် Mac နဲ့ USB-C laptop တွေလို ထုတ်ကုန်တွေ၊ storage drive တွေနဲ့ external graphics card တွေလို အခြား desktop accessory တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Thunderbolt 3 interface ကြောင့် CJ791 က laptop charging power ကို 85 watts အထိ ထောက်ပံ့ပေးနိုင်ပါတယ်” လို့ Samsung က ပြောကြားခဲ့ပါတယ်။

CJ791 ဟာ ကြည်လင်ပြတ်သားပြီး စိုပြည်လှပတဲ့ အရောင်တွေကို ဖော်ပြပေးနိုင်သလို 3440×1440 ultra-wide QHD resolution ကလည်း full HD ရဲ့ pixel သိပ်သည်းဆထက် ၂.၅ ဆ နီးပါး တိုးမြှင့်ပြသပေးနိုင်ပါတယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ်တွေက အရွယ်ကြီးတဲ့ ဖိုင်တွေ၊ spreadsheet တွေနဲ့ data table တွေကို scroll ဒါမှမဟုတ် zoom လုပ်စရာမလိုဘဲ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Ref: BetaNews