ကမၻာတစ္ဝန္း Instagram သံုးစြဲသူ တစ္ဘီလ်ံရိွလာ

[ Zawgyi ]

နာမည္ေက်ာ္ ဓာတ္ပံုေဝမွ်တဲ့ဝန္ေဆာင္မႈကို ကမ႓ာတစ္ဝန္းကေန သံုးစြဲသူ တစ္ဘီလ်ံရိွေၾကာင္း Instagram က ေၾကညာခဲ့ပါတယ္။

Instagram သံုးစြဲသူအေရအတြက္ဟာ ၂၀၁၆ စက္တင္ဘာလက သန္း ၂၀၀ ေက်ာ္ရိွခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာေတာ့ သန္း ၈၀၀ ရိွခဲ့ပါတယ္။

“ဒီကိန္းဂဏန္းေတြက မယံုၾကည္ႏိုင္စရာပါ။ ဒါမ်ိဳးျဖစ္လာလိမ့္မယ္လို႔ Mike နဲ႔ ကၽြန္ေတာ္ တစ္ခါမွ မေတြးမိခဲ့ပါဘူး” လို႔ တြဲဖက္တည္ေထာင္သူ Kevin Systrom က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ သံုးစြဲသူသစ္ေတြက ဘယ္ကေနေရာက္ရိွလာသလဲ ဆိုတာကိုေတာ့ ကုမၸဏီက မထုတ္ျပန္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ သံုးစြဲသူသစ္အမ်ားစုက Stories ကို ျဖန္႔ခ်ိခဲ့ၿပီးတဲ့ေနာက္ ေရာက္ရိွလာတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြက Instagram ဟာ သံုးစြဲသူေတြက Gif ေတြ၊ emoji slider ေတြနဲ႔ poll ေတြကို stories မွာ ထည့္သြင္းႏိုင္ဖို႔အတြက္ in-app creation tool ေတြကို ျဖန္႔ခ်ိခဲ့ပါတယ္။

ၿပိဳင္ဘက္ Snapchat ကေတာ့ သံုးစြဲသူအေရအတြက္ တိုးတက္ဖို႔ ႀကိဳးစားေနရဆဲျဖစ္ပါတယ္။ လက္ရိွမွာ Snapchat ကို ေန႔စဥ္သံုးစြဲသူ ၁၉၁ သန္းရိွပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

နာမည်ကျော် ဓာတ်ပုံဝေမျှတဲ့ဝန်ဆောင်မှုကို ကမ႓ာတစ်ဝန်းကနေ သုံးစွဲသူ တစ်ဘီလျံရှိကြောင်း Instagram က ကြေညာခဲ့ပါတယ်။

Instagram သုံးစွဲသူအရေအတွက်ဟာ ၂၀၁၆ စက်တင်ဘာလက သန်း ၂၀၀ ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ သန်း ၈၀၀ ရှိခဲ့ပါတယ်။

“ဒီကိန်းဂဏန်းတွေက မယုံကြည်နိုင်စရာပါ။ ဒါမျိုးဖြစ်လာလိမ့်မယ်လို့ Mike နဲ့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ပါဘူး” လို့ တွဲဖက်တည်ထောင်သူ Kevin Systrom က ပြောကြားခဲ့ပါတယ်။

အဆိုပါ သုံးစွဲသူသစ်တွေက ဘယ်ကနေရောက်ရှိလာသလဲ ဆိုတာကိုတော့ ကုမ္ပဏီက မထုတ်ပြန်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ သုံးစွဲသူသစ်အများစုက Stories ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် ရောက်ရှိလာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက Instagram ဟာ သုံးစွဲသူတွေက Gif တွေ၊ emoji slider တွေနဲ့ poll တွေကို stories မှာ ထည့်သွင်းနိုင်ဖို့အတွက် in-app creation tool တွေကို ဖြန့်ချိခဲ့ပါတယ်။

ပြိုင်ဘက် Snapchat ကတော့ သုံးစွဲသူအရေအတွက် တိုးတက်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ လက်ရှိမှာ Snapchat ကို နေ့စဉ်သုံးစွဲသူ ၁၉၁ သန်းရှိပါတယ်။

-နောင်နောင်
Ref: TheVerge