ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Luminar Technologies စီအီးအို

အော်စတင်ရပ်ဆဲဟာ အသက် ၁၇ နှစ် အရွယ်မှာ ကုမ္ပဏီတည်ထောင်ခဲ့ပြီး အများပိုင်ကုမ္ပဏီ အဖြစ် ရှယ်ယာတွေ ထုတ်ရောင်းပြီးနောက် ညတွင်းချင်းမှာပဲ ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

အသက် ၂၅ နှစ်အရွယ် အော်စတင်ရပ်ဆဲဟာ Luminar Technologies ကို အသက် ၁၇ နှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ Luminar Technologies ကုမ္ပဏီဟာ မောင်းသူမဲ့ကားတွေအတွက် lidar sensor နည်းပညာတွေ လုပ်ကိုင်ပေးပါတယ်။ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေဟာ ကြာသပတေးနေ့ Nasdaq ငွေလဲနှုန်းမှာ ရှယ်ယာတွေက ဒေါ်လာ ၂ ဘီလျံ အထိ တန်ကြေးရှိလာပါတယ်။ သူဟာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ထူကိုယ်ထ ဘီလျံနာတစ်ဦး ဖြစ်လာတယ်လို့ Forbes ကဖော်ပြခဲ့ပါတယ်။အော်စတင်ရပ်ဆဲမှာ အများပြည်သူနဲ့ ထိတွေ့စရာ လူမှုကွန်ရက်တွေ မရှိပါဘူး။ အများပြည်သူဆိုင်ရာ မှတ်တမ်းအရ သူဟာ ဆန်ဖရန်စစ္စကို လူချမ်းသာရပ်ကွက် အေသာတွန်မြေပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်နေပါတယ်။

ရပ်ဆဲက အသက် ၁၃ နှစ်မှာ ပထမဆုံးနည်းပညာ မူပိုင်ခွင့်တင်ခဲ့ပါတယ်။ သူက ဥယျာဉ်စိုက်ပျိုးရာမှာ အသုံးပြုဖို့ ပိုက်ခေါင်းရေကို ပြန်လည်အသုံးပြုဖို့ မြေအောက်စနစ်ကို ရင်းနှီးခဲ့ပါတယ်။ သူက အထက်တန်းကျောင်း မတက်ဘဲ ဆယ်ကျော်သက်မှာ အချိန်တော်တော်များများကို အာဗိုင်းရဲ့ Beckman Laser သက်မွေးတက္ကသိုလ်က ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကုန်ဆုံးခဲ့ပါတယ်။ သူဟာ ရူပဗေဒသင်ကြားဖို့ စတန်းဖို့ဒ် ဝင်ခွင့်ရခဲ့ပါတယ်။ မကြာခင်မှာ သူ့ကိုယ်ပိုင် lidar စိတ်ကူးအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၁၀၀,၀၀၀ လက်ခံရယူဖို့ တက္ကသိုလ်က ထွက်လိုက်ပါတယ်။ နောက်ပြီးတော့ Luminar ကိုတည်ထောင်ခဲ့ပါတယ်။

သူဟာ ကားမောင်း အသက်ပြည့်ရုံလေးပဲ ရှိချိန်မှာတော့ မောင်းသူမဲ့ကားအတွက် လုံခြုံတဲ့လမ်းညွှန်စနစ်ကို ဖန်တီးနေပါတယ်။ Luminar ကုမ္ပဏီက လေဆာအသုံးပြုပြီး လမ်းမ သုံးဘက်မြင်ကွင်းကို ကားအတွက် ပုံဖော်ပေးတဲ့ lidar sensor ဖန်တီးပါတယ်။ Lidar စနစ်ဟာ အနီးအနားအရာဝတ္ထုတွေနဲ့ လေဆာထိတွေ့ပြီး ပြန်ကန်လာတဲ့ ရောင်ပြန်ကို တိုင်းတာကာ ပတ်ဝန်းကျင်တစ်ဝိုက် 3D ပုံရိပ်ဖော်ပေးပါတယ်။ အဲဒီနည်းပညာ ရေဒါနဲ့ဆင်ပါတယ်။ ရေဒါကတော့ လေဆာမသုံးဘဲ ရေဒီယိုလှိုင်းတွေ သုံးပြီး ပတ်ဝန်းကျင်ကို ပုံဖော်ပါတယ်။

စိုးထက်
Ref: DailMail

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««