ကမ္ဘာ့ပထမဆုံး ခေါက်ထားနိုင်တဲ့ laptop

Lenovo ကတော့ ကမ္ဘာ့ပထမဆုံး ခေါက်လို့ရတဲ့ ThinkPad X1 Fold laptop ကိုတော့ ကြိုတင်မှာယူနိုင်ပါပြီ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂,၄၉၉ ကျသင့်ပါမယ်။

Lenovo ရဲ့ Think X1 Fold ကတော့ ၂၀၂၀ အစောပိုင်းမှာ သရုပ်ပြသခဲ့တဲ့ ThinkPad concept ဖြစ်ပါတယ်။ ၉ လ အကြာမှာတော့ ThinkPad X1 Fold ထွက်လာပါတယ်။ မျက်နှာပြင် ၁၃ လက်မ laptop နဲ့ tablet ပုံစံ ထုတ်ကုန်မှာ OLED touchscreen အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 2048x 1536 ဖြစ်ပါတယ်။ Windows tablet ဒါမှမဟုတ် laptop အဖြစ် အသုံးပြုနိုင်ပြီး သီးသန့် keyboard နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

ThinkPad X1 Fold ခေါက်ထားတာကို ဖြန့်လိုက်ရင် ၉.၆ လက်မ touchscreen နှစ်ခု ပါဝင်လာပြီး စာအုပ်ပုံစံလည်း အသုံးပြုနိုင်ပါတယ်။ အခြား အသေးစိတ် အချက်အလက်ကတော့ Intel Hybrid နည်းပညာ အသုံးပြုထားတဲ့ Intel Core ချစ်ပ်၊ Intel UHD (၁၁) ခုမြောက်မျိုးဆက် graphics နဲ့ 8GB LPDDR4X RAM, 1TB PCle SSD, 5-megapixel HD ကင်မရာအပြင် 5G (Sub-6GHz) နဲ့ 4G LTE (Cat.20) ထောက်ပံ့မှု, Wi-Fi 6, Bluetooth 5.1, USB-C port ၂ ခုနဲ့ SIM ကတ်ထည့်နိုင်တဲ့ tray တစ်ခု ပါဝင်လာပါတယ်။ Think X1 Fold ကတော့ ဘက်ထရီသက်တမ်း ၁၁ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Think X1 Fold မှာတော့ Active Pen stylus ပါဝင်ပြီး ကြိုးမဲ့အားသွင်းနိုင်တဲ့ Lenovo Fold Mini Keyboard လည်း ထုတ်လုပ်ထားပါတယ်။ အဲဒီ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၃၀၀ ထပ်မံ ကျသင့်ပါမယ်။

-စိုးထက်
Ref: BGR/TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««